DVB Logo
Home
မြန်မာသတင်း
ဧပြီလအတွက် အောင်လံလွှင့်ချီနွေဦးထီ အရောင်းဖွင့်
DVB
·
April 2, 2022
ဧပြီလအတွက် အောင်လံလွှင့်ချီနွေဦးထီ အရောင်းဖွင့်
Donate to DVB

ဧပြီလအတွက်“အောင်လံလွှင့်ချီနွေဦးထီ” ကို ဒီကနေ့ အရောင်းဖွင့်လိုက်ပြီတယ်လို့ ကြေညာထား ပါတယ်။

နွေဦးထီကို အခက်အခဲ အကြပ်တည်းတွေကြားက အားပေးနေကြတဲ့ မိဘပြည်သူတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်းနဲ့ တော်လှန်ရေးထီဖြစ်တဲ့အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာမှာ ဘယ်သော အခါမှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီကို အားပေးရင်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ မတ်လအတွက်“အောင်လံလွှင့်ချီ နွေဦးထီ” အပတ်စဉ် ၅ မှာတော့ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၇ ဆုချီးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ဒါ့အပြင် နွေဦးထီကို အားပေးကြတဲ့ မိဘပြည်သူတွေ လုံခြုံရေးအဆင်ပြေစေနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေပြီး လစဉ် ၂၅ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ နေ့စဉ်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013