DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ် မဟာဗန္ဓုလတပ်ရင်း ၁ သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
DVB
·
April 1, 2022
ဘုတလင်မြို့နယ် မဟာဗန္ဓုလတပ်ရင်း ၁ သင်တန်းဆင်းပွဲ (ဓာတ်ပုံ)
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မဟာဗန္ဓုလတပ်ရင်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဧပြီ ၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်အနေနဲ့ မဟာဗန္ဓုလတပ်ရင်းကို ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း လိုအပ်ချက်များစွာ ရှိသေးတယ်လို့ ဆိုပါတယ်။

မဟာဗန္ဓုလတပ်ရင်း ပြန်ကြားရေးတာဝန်ခံက  " ကျနော်တို့အနေနဲ့ ‌စစ်အာဏာရှင်စနစ်တိုက်ဖျက်ဖို့ရာ ဒေသခံပြည်သူလူထုနဲ့ ဖွဲ့စည်းထားတာပါ။ NUG ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်သလို အခုလက်ရှိ အဖွဲ့စည်း ဖွဲ့စည်းပြီးကြောင်းလည်း တရားဝင်ဖြစ်အောင် NUG အစိုးရကို တင်ပြသွားဖို့ရှိပါတယ်။ လက်နက် လိုအပ်ချက်အနေနဲ့ကတော့ ရှိနေပါ‌တယ်။ ပြည်သူရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်နေရတာပါ" လို့ ပြောပါတယ်။

အခု တပ်ရင်း ၁ ၊ အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို သင်တန်းသား ၂၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး မဟာမိတ်တပ်ရင်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။

မဟာဗန္ဓုလတပ်ရင်းဟာ ဘုတလင်မြို့နယ်မှာ အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း ပြောက်ကျားနည်းနဲ့ တော်လှန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013