DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများ အသက် ၆၂ နှစ်ပြည့်မှ အငြိမ်းစားယူရမည်ဟု စစ်ကောင်စီပြင်ဆင်သတ်မှတ်
DVB
·
March 31, 2022
နိုင်ငံ့ဝန်ထမ်းများ အသက် ၆၂ နှစ်ပြည့်မှ  အငြိမ်းစားယူရမည်ဟု စစ်ကောင်စီပြင်ဆင်သတ်မှတ်
Donate to DVB

နိုင်ငံ့ဝန်ထမ်းတွေ  အငြိမ်းစားယူရမယ့်  အသက်ကို ၆၂ နှစ်လို့  ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းဖို့၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့  လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ဖို့ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေရဲ့ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမယ့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်တဲ့နေ့ဆိုပြီး ပြင်ဆင်သတ်မှတ်တာလို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

ဝန်ထမ်းတွေ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်လို့ စစ်ခေါင်းဆောင်က ညွှန်ကြားသတ်မှတ်ခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ အသက် ၆၆ နှစ်ထဲဝင်နေပြီဖြစ်တဲ့တိုင် အာဏာကို လက်မလွှတ် ဆက်လက်စွဲကိုင်ထားပါတယ်။

Photo-NPC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013