DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှု နိုင်ငံ့ဝန်ထမ်းများကို တိုင်ကြားစာ လေးပုံသုံးပုံရှိ
DVB
·
September 21, 2019
အဂတိလိုက်စားမှု နိုင်ငံ့ဝန်ထမ်းများကို တိုင်ကြားစာ လေးပုံသုံးပုံရှိ
Donate to DVB

ပြီးခဲ့တဲ့နှစ်ထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဆီကို တိုင်စာပေါင်း ၁ သောင်းကျော် ရောက်လာပြီး လေးပုံ သုံးပုံက နိုင်ငံ့ဝန်ထမ်းတွေကို တိုင်ကြားတာလို့ ကော်မရှင် စစ်ဆေးရေးမှူးချုပ်က ပြောပါတယ်။

ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောဆိုခဲ့တာပါ။

စက်တင်ဘာ ၁၃ ရက် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ အဂတိနဲ့ ပတ်သက်တဲ့ တချို့ မေးမြန်းတာတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးချုပ်ကို မေးဖို့ ဦးဇော်ဌေးက ပြောခဲ့တာကြောင့် အခုလို ရှင်းလင်းရတာလို့ သူက ဆိုပါတယ်။

“၂၀၁၈ ခုနှစ် အတွင်းမှာ ကျနော်တို့ဆီ တိုင်ကြားစာ ၁၀၅၄၃ စောင် ရောက်ရှိပါတယ်။ အဲဒီမှာ နိုင်ငံ့ဝန်ထမ်းများအပေါ် တိုင်ကြားစာ ၇၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအပေါ် တိုင်ကြားစာ ၁၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲဒီပြည်သူ့ဝန်ထမ်းတွေမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးကစလို့ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူတွေအဆင့်ထိ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ အရေးယူ ဆောင်ရွက်တာဟာ နိုင်ငံ့ဝန်ထမ်းတွေအပေါ် ပိုပြီးသက်ရောက်နေတာ ဖြစ်ကြောင်း နားလည်ပေးစေလိုပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ဝန်ထမ်းတွေအပေါ် တိုင်ကြားစာ ၁၈၈၈ စောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် တိုင်စာ ၁၁၃ စောင်၊ ပုဂ္ဂလိကတွေအပေါ် စောင်ရေ ၇၁၀ နဲ့ တခြားတိုင်စာကတော့ ၁၇၇၅ စောင် ရရှိခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းတဲ့ ၂၀၁၄ ခုနှစ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို တင်ပို့တာ ၆၅ မှု ရှိခဲ့ပြီး အခုကော်မရှင် စတင်တာဝန်ထမ်းဆောင်တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလဝက်ထိ တရားစွဲတင်ပို့တာဟာ ၁၀၁ မှုရှိပြီလို့လည်း သူက ပြောပါတယ်။

မကြာသေးခင်က ကော်မရှင်က တရားစွဲဆိုထားတဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှူးကို တရားရုံးက တရားသေ လွှတ်ပေးလိုက်တဲ့အပေါ်မှာလည်း ဒါဟာ ကော်မရှင်ဘက်က သက်သေ ထင်ထင်ရှားရှား အပြည့်အစုံ မပြနိုင်တာကြောင့်လို့ သုံးသပ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

 ဒီအမှုအပေါ် တရားရုံးက ချမှတ်တဲ့အမိန့်မှာ အမှုစစ်ဆေး ပေါ်ပေါက်တာတွေနဲ့ ညီ၊ မညီ၊ ဥပဒေနဲ့ ညီ၊ မညီ၊ မှားယွင်းတိမ်းစောင်းတာ ရှိ၊ မရှိတို့ကို စိစစ်နေပြီး ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို တရားစွဲဆိုရတာဟာလည်း  သွေးကြောသွင်းဆေးရည် ထည့်သွင်းတဲ့ ဘူးထုတ်လုပ်ဖို့ ဆေးဝါးသုံးအဆင် ကော်စေ့ဝယ်ယူတာကို တင်ဒါ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ထားပေမယ့် ဒီပစ္စည်းတွေ မသွင်းခင်မှာ အဲဒီကုမ္ပဏီဆီကနေ စံချိန်စံညွှန်းနဲ့ မညီတဲ့ စားသောက်ကုန်သုံး အရည်အသွေးနိမ့် ကုန်ကြမ်းကော်စေ့တွေကို မှာယူပြီး ဆေးရည်ဘူးတွေ ထုတ်လုပ်ခဲ့တာ ပေါ်ပေါက်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

စိစစ်ရွေးချယ် သတ်မှတ်ထားတာ မဟုတ်တဲ့ စားသောက်ကုန်သုံး ကုန်ကြမ်းကော်စေ့တွေကို သုံးခဲ့တာဟာ တင်ဒါလုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ရာကျတယ်လို့ ဦးသန့်ဇော်က ပြောပါတယ်။ 

စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ရုံနဲ့တော့ အဂတိလိုက်စားမှု မမြောက်နိုင်ဘဲ ဒီလို ချိုးဖောက်တာကြောင့် နိုင်ငံတော်မှာ ငွေကြေး၊ ပစ္စည်းနစ်နာ ဆုံးရှုံးမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမယ်လို့လည်း ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

အဂတိလိုက္စားမႈ ႏိုင္ငံ့ဝန္ထမ္းမ်ားကို တိုင္ၾကားစာ ေလးပုံသုံးပုံရွိ

ၿပီးခဲ့တဲ့ႏွစ္ထဲမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ဆီကို တိုင္စာေပါင္း ၁ ေသာင္းေက်ာ္ ေရာက္လာၿပီး ေလးပုံ သုံးပုံက ႏိုင္ငံ့ဝန္ထမ္းေတြကို တိုင္ၾကားတာလို႔ ေကာ္မရွင္ စစ္ေဆးေရးမႉးခ်ဳပ္က ေျပာပါတယ္။

ဒီေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္႐ုံး စစ္ေဆးေရးမႉးခ်ဳပ္ ဦးသန႔္ေဇာ္က ေျပာဆိုခဲ့တာပါ။

စက္တင္ဘာ ၁၃ ရက္ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ အဂတိနဲ႔ ပတ္သက္တဲ့ တခ်ိဳ႕ ေမးျမန္းတာေတြကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ စစ္ေဆးေရးမႉးခ်ဳပ္ကို ေမးဖို႔ ဦးေဇာ္ေဌးက ေျပာခဲ့တာေၾကာင့္ အခုလို ရွင္းလင္းရတာလို႔ သူက ဆိုပါတယ္။

“၂၀၁၈ ခုႏွစ္ အတြင္းမွာ က်ေနာ္တို႔ဆီ တိုင္ၾကားစာ ၁၀၅၄၃ ေစာင္ ေရာက္ရွိပါတယ္။ အဲဒီမွာ ႏိုင္ငံ့ဝန္ထမ္းမ်ားအေပၚ တိုင္ၾကားစာ ၇၅ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ျပည္သူ႔ဝန္ထမ္းေတြအေပၚ တိုင္ၾကားစာ ၁၈ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ အဲဒီျပည္သူ႔ဝန္ထမ္းေတြမွာ ရပ္ကြက္/ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးကစလို႔ ႏိုင္ငံေရးအရ လုပ္ပိုင္ခြင့္ရွိသူေတြအဆင့္ထိ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔ရဲ႕ အေရးယူ ေဆာင္႐ြက္တာဟာ ႏိုင္ငံ့ဝန္ထမ္းေတြအေပၚ ပိုၿပီးသက္ေရာက္ေနတာ ျဖစ္ေၾကာင္း နားလည္ေပးေစလိုပါတယ္” လို႔ ေျပာပါတယ္။

ျပည့္သူ႔ဝန္ထမ္းေတြအေပၚ တိုင္ၾကားစာ ၁၈၈၈ ေစာင္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေပၚ တိုင္စာ ၁၁၃ ေစာင္၊ ပုဂၢလိကေတြအေပၚ ေစာင္ေရ ၇၁၀ နဲ႔ တျခားတိုင္စာကေတာ့ ၁၇၇၅ ေစာင္ ရရွိခဲ့တာပါ။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို စတင္ဖြဲ႕စည္းတဲ့ ၂၀၁၄ ခုႏွစ္က ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ ၂၃ ရက္ အထိ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆို တင္ပို႔တာ ၆၅ မႈ ရွိခဲ့ၿပီး အခုေကာ္မရွင္ စတင္တာဝန္ထမ္းေဆာင္တဲ့ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာကေန ၂၀၁၉ ခုႏွစ္ စက္တင္ဘာလဝက္ထိ တရားစြဲတင္ပို႔တာဟာ ၁၀၁ မႈရွိၿပီလို႔လည္း သူက ေျပာပါတယ္။

မၾကာေသးခင္က ေကာ္မရွင္က တရားစြဲဆိုထားတဲ့ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ားဌာနမႉးကို တရား႐ုံးက တရားေသ လႊတ္ေပးလိုက္တဲ့အေပၚမွာလည္း ဒါဟာ ေကာ္မရွင္ဘက္က သက္ေသ ထင္ထင္ရွားရွား အျပည့္အစုံ မျပႏိုင္တာေၾကာင့္လို႔ သုံးသပ္လႊတ္ခဲ့တာလို႔ ဆိုပါတယ္။

ဒီအမႈအေပၚ တရား႐ုံးက ခ်မွတ္တဲ့အမိန႔္မွာ အမႈစစ္ေဆး ေပၚေပါက္တာေတြနဲ႔ ညီ၊ မညီ၊ ဥပေဒနဲ႔ ညီ၊ မညီ၊ မွားယြင္းတိမ္းေစာင္းတာ ရွိ၊ မရွိတို႔ကို စိစစ္ေနၿပီး ဥပေဒနဲ႔အညီ ဆက္လက္ ေဆာင္႐ြက္သြားမယ္လို႔လည္း ေျပာပါတယ္။

ေဆးဝါးစက္႐ုံ(အင္းစိန္) စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ကို တရားစြဲဆိုရတာဟာလည္း  ေသြးေၾကာသြင္းေဆးရည္ ထည့္သြင္းတဲ့ ဘူးထုတ္လုပ္ဖို႔ ေဆးဝါးသုံးအဆင္ ေကာ္ေစ့ဝယ္ယူတာကို တင္ဒါ လုပ္ထုံးလုပ္နည္းနဲ႔အညီ လုပ္ထားေပမယ့္ ဒီပစၥည္းေတြ မသြင္းခင္မွာ အဲဒီကုမၸဏီဆီကေန စံခ်ိန္စံၫႊန္းနဲ႔ မညီတဲ့ စားေသာက္ကုန္သုံး အရည္အေသြးနိမ့္ ကုန္ၾကမ္းေကာ္ေစ့ေတြကို မွာယူၿပီး ေဆးရည္ဘူးေတြ ထုတ္လုပ္ခဲ့တာ ေပၚေပါက္တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။

စိစစ္ေ႐ြးခ်ယ္ သတ္မွတ္ထားတာ မဟုတ္တဲ့ စားေသာက္ကုန္သုံး ကုန္ၾကမ္းေကာ္ေစ့ေတြကို သုံးခဲ့တာဟာ တင္ဒါလုပ္ထုံးလုပ္နည္းကို ေဖာက္ဖ်က္ရာက်တယ္လို႔ ဦးသန႔္ေဇာ္က ေျပာပါတယ္။

စည္းမ်ဥ္းစည္းကမ္း ေဖာက္ဖ်က္႐ုံနဲ႔ေတာ့ အဂတိလိုက္စားမႈ မေျမာက္ႏိုင္ဘဲ ဒီလို ခ်ိဳးေဖာက္တာေၾကာင့္ ႏိုင္ငံေတာ္မွာ ေငြေၾကး၊ ပစၥည္းနစ္နာ ဆုံးရႈံးမွ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ၿငိစြန္းမယ္လို႔လည္း ေျပာပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013