DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းများက ချေးငွေထဲမှ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြန်လှူမည် 
DVB
·
September 22, 2020
နိုင်ငံ့ဝန်ထမ်းများက ချေးငွေထဲမှ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြန်လှူမည် 
1 / 3
Donate to DVB

လာမယ့်အောက်တိုဘာ ၁ ရက်နေ့က စတင်ရရှိမယ့် ချေးငွေတွေထဲကနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပြန်လည်လှူဒါန်းဖို့ နိုင်ငံ့ဝန်ထမ်းအချို့က ကမ်ပိန်းတစ်ခုကို စတင်ဆောင်ရွက်နေကြပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဘဏ္ဍာနှစ်အသစ်စတင်မယ့် လာမယ့်အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး ဝန်ထမ်းလစာ ၂ စာကို အတိုးမဲ့ချေးငွေအဖြစ် ရရှိတော့မှာပါ။

ဒီရရှိလာမယ့် ချေးငွေထဲကနေ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တတ်နိုင်သလောက် ပြန်လည်လှူဒါန်း ကြဖို့ကို နိုင်ငံ့ဝန်ထမ်း တချို့က စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက  ဦးသော်တာဝင်းက “ နိုင်ငံတော်ရဲ့ ဘတ်ဂျက်က အခု ကိုဗစ်အတွက်ကို တော်တော်လေးကို တောင့်ခံနေရတယ်။ အဲ့ဒီအတွက်ကို အစ်ကိုတို့က တစ်ဖက်တစ်လမ်းကနေ နိုင်သလောက်လေးပေါ့ ဝင်ထမ်းတဲ့သဘောပါ။ ဝန်ထမ်းဆိုတော့ ” လို့ ပြောပါတယ်။

အခုချေးငွေဟာ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို ထုတ်ချေးပေးမှာဖြစ်ပြီး တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တွေလည်း အပါအဝင် ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဝန်ထမ်းဘယ်လောက်ထုတ်ချေးမယ်ဆိုတာကို အတိအကျ မသိရ သေးဘူးလို့  သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“တစ်နိုင်ငံလုံး အမြဲတမ်းဝန်ထမ်းစုစုပေါင်း (၁၀၇၇၄၉၃) ဦးအတွက် (၅၅၄ ဒသမ ၉၇၃) ဘီလီယံကို ဆိုင်းငံ့ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်နေ့ ထုတ်ချေးမှာ ဖြစ်ပါတယ်။ ဘယ်သူမချေးဘူး/ ချေးတယ်ဆိုတာ အောက်တိုဘာ  ၁  ရက် ထုတ်ချေးပြီးမှ သိရမှာပါ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) စုစုပေါင်း ၁ သန်းကျော်ရှိတဲ့အတွက် ဝန်ထမ်းတစ်ဦးကို ကျပ်ငွေ ၁၀၀၀၀ နှုန်းနဲ့ ပါဝင်လှူဒါန်းမယ်ဆိုရင်တောင် စုစုပေါင်း ကျပ်သန်း ၁ ထောင်ကျော်မှာဖြစ်လို့ အစိုးရရဲ့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း ကမ်ပိန်းမှာ ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုဖို့ ကျပ်ငွေဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထား ပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013