DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများကို ရာနှုန်းပြည့် ထောက်ပံ့နိုင်ရန် အလှူရှင်အက်ပလီကေးရှင်း မိတ်ဆက်
DVB
·
March 25, 2022
CDM ဝန်ထမ်းများကို ရာနှုန်းပြည့် ထောက်ပံ့နိုင်ရန် အလှူရှင်အက်ပလီကေးရှင်း မိတ်ဆက်
Donate to DVB

တော်လှန်ရေးသူရဲကောင်း CDM ဝန်ထမ်းတွေကို ရာနှုန်းပြည့် ထောက်ပံ့ကူညီနိုင်ဖို့အတွက် အလှူရှင်အက်ပလီကေးရှင်း (Ahlu Shin App) ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရေးရာကော်မတီက မိတ်ဆက်ထားပါတယ်။

တော်လှန်ရေး အောင်မြင်နိုင်ဖို့အတွက် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ နေရာဌာန အားလုံးကို စွန့်လွှတ်အနစ်နာခံပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း (CDMer) တွေရဲ့ စားဝတ်နေရေး ခက်ခဲကျပ်တည်းလာမှုအပေါ် ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီအက်ပ်ကနေ ရရှိလာတဲ့ ကြော်ငြာခ ၁၀၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအက်ပလီကေးရှင်းမှာတော့ သတင်း၊ စာပေ၊ ရုပ်ရှင်နဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဆိုပြီး ကဏ္ဍ ၄ ခုပါဝင်ပြီး ပြည်သူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ရွေးချယ်ပြီး အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေတာတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရား အာဏာသိမ်းယူခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက အမှန်တရားဘက်ကနေ ရပ်တည်ပြီး စစ်အာဏာရှင် ယန္တရား ပျက်ပြားစေဖို့ ဆန့်ကျင်တိုက်ပွဲဝင်နေခဲ့ကြတဲ့ CDM ပြည်သူ့ဝန်ထမ်းတွေဟာလည်း ခုချိန်တိုင်အောင် အခက်အခဲတွေကြားကနေ ပါဝင်နေကြဆဲ ဖြစ်တာမို့ အားလုံးက ဝိုင်းဝန်းကူညီကြဖို့ လိုအပ်နေတာပါ။

အလှူရှင်အက်ပလီကေးရှင်း (Ahlu Shin App) ကို  ဒေါင်းလုပ်ရယူလိုတယ် ဆိုရင်တော့ ဖော်ပြပါလင့်ခ်ကနေတဆင့် ရယူပြီး တော်လှန်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013