DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားနေဟု အာဏာသိမ်းစစ်ကောင်စီပြော
DVB
·
March 24, 2022
နိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားနေဟု အာဏာသိမ်းစစ်ကောင်စီပြော
Donate to DVB

စစ်မှန်စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို တနိုင်ငံလုံးကျင်းပပေးမယ်လို့ ရွေးကောက်ပွဲအကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲကို လုပ်နိုင်တဲ့နေရာမှာ လုပ်မယ်။ မလုပ်နိုင်တဲ့နေရာမှာ မလုပ်ဘဲ ချန်ထားရင် ဒီမိုကရေစီနဲ့ အထွေထွေရွေးကောက်ပွဲရဲ့ အနှစ်သာရတွေ ယုတ်လျော့ကုန်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးပြောကြားလိုပါတယ်။” 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပြီးနောက် နောင်လာမယ့် ရွေးကောက်ပွဲတွေကို စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲဘဲ မဲဆန္ဒနယ်တွေ ပိုင်းခြားသတ်မှတ်ပြီး ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်မယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ၆ ခုက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ သတ်မှတ်ချက်နဲ့အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်တာမှာ အရင်ကျင့်သုံးခဲ့တဲ့ FPTP စနစ်ကို ကျင့်သုံးဖို့ ဘုံသဘောတူညီခဲ့တဲ့တယ်လို့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းတွေကို ပြုစုနေတာမှာ ပြည်ထောင်စုနယ်မြေအပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ပြီးစီးခါနီးပြီလို့လည်း ဆိုပါတယ်။

နိုင်ငံရေးပါတီ ၉၂ ပါတီရဲ့ စာရင်းတွေကို စစ်ဆေးတာမှာ ၂၀၂၂ ခုနှစ်၊ မတ်လထိ ၈၃ ပါတီ စစ်ဆေးပြီးဖြစ်ကာ စစ်ဆေးဖို့ ကျန်တဲ့ပါတီတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။  စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ ဘယ်လောက်မှန်ကန်မှုရှိမလဲဆိုတာ စစ်ကောင်စီက အာမခံချက် မပေးနိုင်သေးလို မဲစာရင်းတွေ မှာခဲ့မယ်ဆိုရင် ဘယ်လိုတာဝန်ယူ တာဝန်ခံမှုရှိမယ်ဆိုတာ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013