DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကြောင့် ရပ်နားထားသည့် စစ်တွေ-ရေချမ်းပြင် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
DVB
·
March 24, 2022
ကိုဗစ်ကြောင့် ရပ်နားထားသည့် စစ်တွေ-ရေချမ်းပြင် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေ-ရေချမ်းပြင်လမ်းကို မတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းက စတင်ပြီး ရထားခရီးစဉ် ပြန်လည်ပြေးဆွဲနေပြီလို့ သိရပါတယ်။

တာဝန်ရှိသူတဦးက "ဟုတ်ပါတယ်။ ဒီနေ့ ဖွင့်ပွဲလုပ်ပြီး စတင်ပြေးဆွဲပါတယ်။ လူတဦးကို ရထားခက ၁၅၀ ပါ။ တနေ့ကို ၄ ကြိမ် ပြေးဆွဲသွားမှာလို့ သိရတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်တွေ-ရေချမ်းပြင်လမ်းပိုင်းကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဧပြီ ၁၀ ရက်နေ့က စတင်ပြီး ရထားပြေးဆွဲမှု ယာယီရပ်နားထားခဲ့ရာက ၂ နှစ်လောက်အကြာမှာ ပြန်လည်ပြေးဆွဲတာပါ။

စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းမှာ ၁၄ မိုင်ကျော်ကွာဝေးပြီး ရထားလမ်းတလျှောက် စစ်တွေဘူတာ၊ တက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာနဲ့ မယ်ဇလီဘူတာတို့ ရှိတယ်လို့ သိရပါတယ်။

အဆိုပါရထားလမ်းကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၉ ရက်မှာ စတင်ပြေးဆွဲခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ပထမအကြိမ် ယာယီရပ်နားခဲ့ရပါတယ်။

အဲဒီနောက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ ပြန်လည်ပြေးဆွဲခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအတွင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် ပြန်လည်ရပ်နားခဲ့ရတာပါ။

အခုတခေါက် ပြန်လည်ပြေးဆွဲချိန်မှာတော့ စစ်တွေ ပြည်တော်သာဘူတာကနေ မနက် ၇ နာရီနဲ့ နေ့လယ် ၂ နာရီအချိန်တွေ ထွက်ခွာမှာဖြစ်ပြီး ရေချမ်းပြင်ဘူတာကနေ စစ်တွေ ပြည်တော်သာဘူတာကိုတော့ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီတွေမှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013