DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ၁၀ တန်းစာမေးပွဲဝင်ဖြေမည့်သူ ၇၈၀ ခန့်သာရှိ
DVB
·
March 21, 2022
ကယားပြည်နယ်တွင် ၁၀ တန်းစာမေးပွဲဝင်ဖြေမည့်သူ ၇၈၀ ခန့်သာရှိ
Donate to DVB

စစ်အာဏာသိမ်းချိန်ကနေ ယနေ့အချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ကောင်စီက ဦးစီးကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်သူပေါင်း  ၇၈၀ သာ စာရင်းပေးသွင်းထားကြောင်း စစ်ကောင်စီရဲ့ ပညာရေးဌာနရဲ့ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်ရသိရပါတယ်။

ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့  အနည်းဆုံးဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားတဲ့အ ရေအတွက်ဖြစ်ပါတယ်။

၂၀၂၂ ခု တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒီမတ်လ ၃၁ ရက်ကနေ  ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အဲ့ဒီစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားကျောင်းသူ နှစ်သိန်းကျော် ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီးတော့ အလွတ်ဖြေအနေနဲ့ တစ်သိန်းကျော် ဝင်ရောက်ဖြေဆိုမှာဖြစ်တာကြောင့် ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အရေအတွက်ဟာ သုံးသိန်းတစ်သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စာရင်းတွေအရသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအနည်းဆုံးဒေသကတော့ ကရင်နီ (ကယား)ပြည်နယ်ဖြစ်ပြီး အရင်နှစ်က ၈၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒီနှစ်မှာတော့ ၇၈၀ သာ  ဝင်ရောက်ဖြေဆိုမှာ ဖြစ်ပါတယ်။

နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ ၁၀ တန်းစာမေးပွဲဝင်ဖြေသူရှိနေသေးတာကို ရှုတ်ချကြောင်း ကရင်နီပြည်နယ်ရူ ဖရူဆိုမြို့နယ်က CDM ကျောင်းအုပ်ဆရာမက ပြောပါတယ်။

“စစ်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ မသိသလိုနေပြီး ကျောင်းထားတဲ့မိဘတွေကို ရှုတ်ချပါတယ်။ သူတို့ အစားရှက်တောင်ရှက်မိပါတယ်။ ဒီကာလမှာ ဘာမှမပါဝင်ပေးရင်တောင် ခက်ခဲနေတဲ့စစ်ရှောင်ပြည်သူတွေကို ကိုယ်ချင်းစာသောအားဖြင့် ရပ်တည်စေချင်ပါတယ်။ ဒီအချိန်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ဖြစ်၊ ကောလိပ် တက္ကသိုလ်ပဲတက်တက် ဘာအကျိုးမှရှိမှာမဟုတ်ပါဘူး။  စစ်မှန်တဲ့ဒီမိုကရေစီရရှိမှသာလျှင် နောင်လာနောင်သားတွေအထိပါ ဘဝလှမှာပါ။ ”

အာဏာသိမ်း စစ်ကောင်စီက စီစဉ်ကျင်းပတဲ့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာတပြည်လုံးမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူမယ့် ကျောင်းသူကျောင်းသား အရေအတွက် ကျောင်းတွင်း ဖြေဆိုသူ ၂၀၀၇၆၈ ဦး၊ အလွတ်ဖြေ ၁၁၁၅၃၁ ဦး  စုစုပေါင်း ၃၁၂၂၉၉ ဦး ရှိတယ်လို့   အခြေခံပညာဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတဝန်း ၃၂၁ မြို့နယ်မှာ စာစစ်ဌာန ၁၂၅၆ ဌာန ရှိပြီး  ရခိုင်ပြည်နယ်က ၄၅၅၉၂ ဦးနဲ့ စာဖြေသူ ပထမ အများဆုံး၊ ဧရာဝတီတိုင်းက ၄၀၃၂၀ ဦးနဲ့ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းက ၃၇၅၆၀ ဦးနဲ့ တတိယ အများဆုံး၊ မန္တလေးတိုင်းက  ၃၇၂၀၂ ဦးနဲ့ စတုတ္ထအများဆုံး ဖြေဆိုကြမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013