DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ
DVB
·
March 21, 2022
ဧရာဝတီတိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ
Donate to DVB

နာဂစ်မုန်တိုင်းဖြစ်ပွားပြီး ၁၃ နှစ်အကြာမှာ ဧရာဝတီတိုင်းကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေရော ဧရာဝတီတိုင်းပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေပါ မုန်တိုင်းကြောင့် နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းအခြေစိုက် သုခကာရီလူမှုကူညီရေးအဖွဲ့ မုန်တိုင်းနောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဧရာဝတီတိုင်း ဟင်္သာတကို ရောက်ရှိနေပြီး ကြိုတင်ပြင်ဆင်နေပြီလို့ အသင်းဥက္ကဋ္ဌ မရွှေမှုံက ဒီဗွီဘီကိုပြောပါတယ်။ 

ဧရာဝတီတိုင်းကို မုန်တိုင်းဝင်မယ့်အခြေအနေကို တိုင်းပြင်ပ လူမှုကယ်ဆယ်ရေးအသင်း အင်အားအဖွဲ့တွေအားလုံး စောင့်ကြည့်နေပြီး တိုင်းအတွင်းက အဖွဲ့တွေအားလုံးကတော့ ကြိုတင်ပြင်ဆင်ထားပြီလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က နာဂစ်မုန်တိုင်းနဲ့ ကြုံခဲ့ဖူးတာကြောင့် သတိက ပိုတယ်မရှိသလို ပြည်သူတွေအနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည်သင့်ပြီး လိုအပ်တာတွေကို ဆောင်ထားသင့်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက သတိပေးပြောဆိုပါတယ်။ 

လက်ရှိအချိန်ထိ ကမ်းခြေဒေသတွေမှာ မိုးအုံ့ပြီး ရေတက်နေပြီး တခါတရံ မိုးရွာတာတွေရှိပေမယ့် လေပြင်းပြင်း တိုက်ခတ်တာမျိုးတွေ မရှိသေးဘူးလို့ ကမ်းခြေဒေသခံတွေက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့က ရွာတွေဘက်ကို မုန်တိုင်းသတင်းနဲ့ပတ်သက်ပြီး လိုက်အော်တာမျိုးတွေ ရှိနေပေမဲ့ ကြိုတင်ပြင်ဆင်တာမျိုးတော့ မတွေ့မိသေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေနဲ့တော့ ကမ်းခြေဒေသတွေကို အဓိကထားပြီး ကူညီကယ်ဆယ်တာတွေ ပြုလုပ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီလို့ ဘက်စုံပရဟိတဆရာတော်က ပြောပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် သဘာဘေးအန္တရာယ်နဲ့ ရင်ဆိုင်လာရရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကြိုးတွေ၊ ဟန်စောတွေ၊ ဓားတွေနဲ့ ပုဆိန်တွေကို အဆင်သင့် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

သီးခြားလွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေကတော့ မုန်တိုင်းဟာ ဧရာဝတီုင်း ဟိုင်းကြီးနဲ့ မော်တင်စွန်းကြားကနေဖြတ်ပြီး ဝင်ရောက်နိုင်တယ်လို့ သတိပေးပြောဆိုနေပေမယ့် စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသဌာနကတော့ ခုချိန်ထိ မုန်တိုင်း ဘယ်ကနေ ဖြတ်သန်း ဝင်ရောက်နိုင်တယ်ဆိုတာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မီးသတ်ဌာနကတော့ ဒေသခံပြည်သူတွေကို မုန်တိုင်းအန္တရာယ် သတိထားဖို့ လိုက်လံကြေညာတာတွေ ရှိပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မထိရောက်မှာကို ပြည်သူတွေအနေနဲ့ စိတ်ပူနေကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013