DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်စခန်းအချို့တွင် ရေကျောက်နှင့်အရေပြားရောဂါ ဖြစ်နေ
DVB
·
March 21, 2022
ရခိုင်စစ်ဘေးရှောင်စခန်းအချို့တွင် ရေကျောက်နှင့်အရေပြားရောဂါ ဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် စခန်းတချို့မှာ ရေကျောက်ရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား၊ စစ်ဘေးရှောင်စခန်းမှာ ကလေးသူငယ်အပါအဝင် လူကြီးတချို့ပါ ရေကျောက်ရောဂါ ဖြစ်ပွားနေကြပြီး ရောဂါဖြစ်ပွားနေသူ ဦးရေ ၄၀ လောက် ရှိတယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ 

အဲဒီထဲမှာ အဖြစ်အများဆုံး အသက်အရွယ်တွေက အသက် ၅ နှစ်အောက် ကလေးတွေနဲ့ ဒုတိယအများဆုံးကတော့ ၁၀ နှစ်အောက် ကလေးတွေဖြစ်ကာ  ရောဂါလက္ခဏာတွေကတော့ ခန္ခာကိုယ်မှာ ယားယံတဲ့ အသီးလေးတွေပေါက်ပြီး ဖျားကြတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ရေကျောက်ရောဂါ ဖြစ်ပွားနေတာဟာ ၃ ပတ်နီးပါးခန့် ကြာမြင့်နေပြီလို့ ဆိုပါတယ်။ 

ရေကျောက်ရောဂါဖြစ်ပွားနေတဲ့အတွက် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းကို ကန်စောက်ကျေးလက်ကျန်းမာရေးဌာနက ဆေးဝါးစောင့်ရှောက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင် စခန်းမှာလည်း သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကလေးသူငယ် ၄၀ နီးပါး အရေးပြားရောဂါ ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ 

အဆိုပါ ရေကျောက်ရောဂါဟာ သေဆုံးနိုင်တဲ့အထိ မပြင်းထန်ပေမယ့် မသန့်ရှင်းတဲ့ လက်တွေနဲ့ ကုတ်ဖဲ့ရင် နောက်ဆက်တွဲကူးစက်ရောဂါတွေ ဖြစ်ပွားပြီး သေဆုံးတာတွေ ဖြစ်ပေါ်တတ်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013