DVB Logo
Home
မြန်မာသတင်း
NUG ပညာရေးဝန်ကြီးဌာနအသိမှတ်ပြုလက်မှတ်ပေးမည့် Burma Academy သင်တန်းဖွင့်လှစ်
DVB
·
March 21, 2022
NUG ပညာရေးဝန်ကြီးဌာနအသိမှတ်ပြုလက်မှတ်ပေးမည့် Burma Academy သင်တန်းဖွင့်လှစ်
1 / 2
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားသမဂ္ဂတွေ၊ တက္ကသိုလ်ကောင်စီတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်လူငယ်တွေစုပေါင်းပြီး Burma Academy အွန်လိုင်းပလက်ဖောင်းကို  ၂၀၂၂ ခုနှစ်၊ မတ်လပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

Burma Academy အွန်လိုင်းပလက်ဖောင်းကို လူငယ်တွေဦးဆောင်ကာ စတင်ဖွဲ့စည်းခဲ့ပြီး သင်ကြားပို့ချ နေတဲ့ သူတွေအားလုံးဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ကာ တော်လှန်ရေးကာလ အတွင်း အကျိုးပြုမယ့် သင်ခန်းစာတွေကို အဓိကသင်ကြားပေးတာဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာပြီးဆုံး တာနဲ့ NUG ပညာရေးဝန်ကြီးဌာနအသိမှတ်ပြုလက်မှတ်တွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူ တဦးက DVB ကိုပြောပါတယ်။

“ အဓိကတော့ အွန်လိုင်းပလက်ဖောင်းမှာ တည်ထောင်တာ တနိုင်ငံလုံးက ကြားကာလပညာရေးကို သင်ကြားပေးနေတဲ့ လူငယ်တွေပေါင်းပြီး ပြည်သူတွေအားလုံး ဒီနေရာမှာ လာပြီးတော့ သင်ယူလို့ရအောင် စုစည်းထားတဲ့သဘောနဲ့တည်ထောင်ခဲ့တာပါ”လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပလက်ဖောင်းမှာပါဝင်တဲ့ကျောင်းတွေကလည်း လက်ရှိမှာ တော်လှန်ရေးကိုအခြေပြုတဲ့ ကြားကာလပညာ ရေးကိုသွားမှာဖြစ်ပြီး တောထဲကကျောင်းသားတွေ ထောင်ထဲကကျောင်းသားတွေနဲ့ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသားတွေကို စာနာတဲ့အနေနဲ့ အတန်းတင်ပညာရေးကိုသွားဖို့အစီစဉ်တော့မရှိသေးဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးကာလမှာ အဓိကလိုအပ်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ဘာသာရပ်ပေါင်းစုံကို သင်ကြားနိုင်မှာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာနဲ့ ဆေးပညာဆိုင်ရာတွေ လက်တွေ့ အသုံးပြုနိုင်မယ့် ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Burma Academy အွန်လိုင်းပလက်ဖောင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို သပိတ် မှောက်ပြီး အနာဂတ်ဖယ်ဒရယ်ပညာရေးကို ဖော်ဆောင်လိုတဲ့ ကျောင်းသားလူငယ်တွေအတွက် ပလက်ဖောင်း တစ်ခုဖြစ်မယ်လို့ ဦးဆောင်သူတွေက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013