DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ်၌ KNLA တပ်က စနိုက်ပါဖြင့်ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး
DVB
·
March 19, 2022
မြဝတီမြို့နယ်၌ KNLA တပ်က စနိုက်ပါဖြင့်ပစ်ခတ်သဖြင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မိုင် ၃၀ လောက်အကွာ ထီးကပလယ်ရွာအနီးမှာ မတ်လ ၁၉ ရက်က စစ်ကောင်စီတပ်ကို  KNLA တပ်ဖွဲ့က  စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ တပ်သား တယောက် သေဆုံးသွားပါတယ်။

မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း၊ သထုံနဲ့ ဖာပွန်ဒေသတွေမှာလည်း  KNLA နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဘက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတယ်လို့လည်း KNLA တပ်ဖွဲ့ထံက မြေပြင်သတင်းရရှိပါတယ်။

ကရင်ပြည်နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကိုဖမ်းဆီးရိုက်နှက်တာ၊ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ ပြည်သူမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၈ ရက်နေ့မှာတော့ ကော့ကရိတ်မြို့တောင်ဘက် နှစ်မိုင်လောက်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် KNLA ဘက်က တစ်သား တစ်ဦးကျဆုံးသွားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013