DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ARSA တိုက်ပွဲဖြစ်
DVB
·
March 18, 2022
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ARSA တိုက်ပွဲဖြစ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် မိုင်တိုင်အမှတ် ၄၁ စခန်းအနီးမှာ ဒီနေ့ မတ် ၁၈ ရက် မနက် ၁၀နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ARSA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရဲအရာရှိတဦးက "ဟုတ်တယ်၊ ဒီနေ့မနက် ၁၀ နာရီ ၃၀ လောက်မှာ နယ်စပ်မှတ်တိုင် ၄၁ စခန်းအနီးမှာ ARSA နဲ့ နာရီဝက်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြတယ်။ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ သိရတယ်" လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးတဖက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ARSA အဖွဲ့က လှမ်းပစ်တဲ့အတွက် အပြန်အလှန် တိုက်ပွဲဖြစ်ကြတာလို့ ဆိုပါတယ်။

အဆိုပါ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာ အနီးတဝိုက်မှာ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အဖွဲ့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး လုံခြုံရေး စိတ်မချရတဲ့အတွက် ဝေလာတောင်ကျေးရွာ မူလွန်ကျောင်းကို ၂၀၂၁ ခုနှစ် နှစ်စပိုင်းကစတင်ကာ ခမောင်းဆိပ်ကျေးရွာရှိ ဈေးဆိုင်တန်းမှာ စာသင်ကြားနေရပြီး တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဝေလာတောင်ကျေးရွာ မူလွန်ကျောင်းမှာ တာဝန်ကျနေတဲ့ ဆရာတဦးက "ဟုတ်ပါတယ်။ လုံခြုံရေး စိတ်မချရတာကြောင့် ဝေလာတောင် မူလွန်ကျောင်းကို ၂၀၂၁ နှစ်စကနေ ခမောင်းဆိပ်ဈေးက အဆောင်တခုကို စာသင်ဆောင်လုပ်ပြီး စာသင်နေခဲ့ကြရတာပါ။ အခု စာမေးပွဲစစ်နေတုန်းဆိုတော့ တိုက်ပွဲဆက်ဖြစ်မှာကို စိုးရိမ်မိပါတယ်။" လို့ ပြောပါတယ်။

အဆိုပါ ခမောင်းဆိပ်ဈေးဟာ ARSA အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်အတွင်း မီးလောင်ပျက်စီးသွားတဲ့ ဈေးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းကလည်း မောင်တောမြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃ နဲ့ ၄၄ အနီးမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ARSA အဖွဲ့ မိနစ် ၃ဝ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013