DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးအကျပ်အတည်း ရင်ဆိုင်နေရသည့် ပြည်သူများအတွက် ဆိုလာလမ်းညွှန်စာအုပ် NUG ထုတ်ပြန်
DVB
·
March 16, 2022
လျှပ်စစ်မီးအကျပ်အတည်း ရင်ဆိုင်နေရသည့် ပြည်သူများအတွက် ဆိုလာလမ်းညွှန်စာအုပ် NUG ထုတ်ပြန်
Donate to DVB

နိုင်ငံတဝန်း လျှပ်စစ်မီးအခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုလာလမ်းညွှန်စာအုပ်ကို ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်မှာတော့ ဒုတိယဝန်ကြီး လဖိုင်မော်ထွန်းအောင်က Solar Guide book ဟာ ကာလတိုနဲ့ ကာလလတ် လျှပ်စစ်အကျပ်အတည်းကို ကိုယ်တိုင်ဖြေရှင်းလိုတဲ့ အိမ်ထောင်စုတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ကြောင်းနဲ့ အခုအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ မဖြစ်မနေ ဆိုလာအသုံးပြုခြင်းတွေကနေ နောင်အနာဂတ် ဆိုလာစီမံကိန်း၊ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးတွေနဲ့ တိုင်းပြည်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ မောင်းနှင်နိုင်တဲ့ အဆင့်ရောက်အောင် ကြိုးပမ်းရာမှာ အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်နေတာလို့ ဆိုပါတယ်။
NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလည်း မိမိနေအိမ်ရဲ့ လက်ရှိအခြေအနေနဲ့ ဆိုလာတပ်ဆင်မယ့် နည်းလမ်းနဲ့ ကုန်ကျစရိတ်တွေကို အလွယ်တကူ ရွေးချယ်တွက်ချက်နိုင်ဖို့ ဖော်ပြထားသလို Solar Guide book ကိုလည်း ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်မီး မလုံလောက်မှု ပြဿနာနဲ့အတူ လောင်စာဆီဈေးနှုန်း အဆမတန်ကြီးမြင့်လာတဲ့ ဂယက်ကြောင့် လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာရုံတင်မက သာမန်ပြည်သူတွေဟာလည်း အိမ်သုံးလျှပ်စစ်ဓာတ်အား အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
မြို့တော်ရန်ကုန်မှာ လျှပ်စစ်မီးရရှိတဲ့အချိန်က ပုံမှန်မရှိတော့ဘဲ တချို့နေရာတွေမှာ ၄ နာရီလာပြီး ၆ နာရီကြာ ပြန်ပျက်တာမျိုး ရှိသလို တချို့လည်း နာရီပိုင်းအတွင်းသာ လျှပ်စစ်မီးရပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် ရန်ကုန်တင်မက တခြားနယ်မြို့ရွာတွေအနှံ့ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာတဲ့ ပြဿနာနဲ့အတူ အခက်အခဲများစွာ ကြုံတွေ့လာနေကြပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီက မတ် ၁၂ ရက်နေ့ကစပြီး ၂၈ ရက်နေ့အထိ အလှည့်ကျစနစ်နဲ့ မီးဖြတ်မယ်၊ တချို့နေရာတွေမှာ ၂၄ နာရီ မီးပြတ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013