DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးသတ်ဖြတ်ခံရသည့် TNP ပါတီ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်အပါအဝင် မိသားစုဝင် ၃ ဦး၏ ဈာပန ကျင်းပ
DVB
·
March 14, 2022
ဖမ်းဆီးသတ်ဖြတ်ခံရသည့်  TNP ပါတီ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်အပါအဝင်  မိသားစုဝင် ၃ ဦး၏ ဈာပန ကျင်းပ
1 / 4
Donate to DVB

ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် မိသားစု ၃ ဦးရဲ့ ဈာပနကို မတ်လ ၁၄ ရက် ဒီကနေ့ ပန်ပွဲကျေးရွာအနီး ပြုလုပ်ခဲ့ပြီး တအောင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။  

အသက် ၃၉ နှစ်အရွယ် ဦးမိုင်းနုမ်ဟန်၊ အသက် ၂၆ အရွယ် ဇနီးဖြစ်သူနဲ့  ၇ လအရွယ် သမီးဖြစ်သူတို့ဟာ ကားတိုက်ခံရပြီး ကွယ်လွန်သွားတဲ့ မိခင်ရဲ့အသုဘမှအပြန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအထွက် ရှမ်းပြည်တပ်မတော်  RCSS ရဲ့ စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၀ ရက်က ဖမ်းဆီးခံခဲ့ရပြီး တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနဲ့ ၇ မိုင်လောက်ကွာဝေးတဲ့ တောတွင်းရှိ တွင်းကြီးတခုထဲမှာ ပစ်သတ်ခံခဲ့ရတာပါ။ 

သူတို့မိသားစုရဲ့ရုပ်အလောင်းကို သတ်ခံထားရတဲ့ နေရာကနေ ၇ မိုင်လောက် ခက်ခက်ခဲခဲ သယ်ဆောင်လာပြီး ပန်ပွဲကျေးရွာအနီးမှာ ဒီကနေ့ မီးသင်္ဂြိုဟ်လိုက်တာလို့ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးမိုင်းဂမိုင်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

သူ့ရဲ့ဈာပနပွဲကို တအောင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဦးမိုင်းနုမ်ဟန်ကို တအောင်းလူမျိုးတွေရဲ့ အာဇာနည်သူရဲကောင်းအဖြစ်  သတ်မှတ် ဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုရဲ့ အာဇာနည်ဗိမာန်ကို သူ့ရဲ့ဇာတိရွာဖြစ်တဲ့ မတ်ချိနုကျေးရွာအနီးမှာ ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဦးမိုင်းနုမ်ဟန်ဟာ တအောင်းလူထုအရေး၊ တအောင်းအမျိုးသားပါတီအရေးကို တက်တက်ကြွကြွ လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မိုင်းနုမ်ဟန်တို့ မိသားစုလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC)၊ တတအာင်းအမျိုးသမီးအဖွဲ့ အစည်း(TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU) အပါအဝင် အဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်း ကြေညာထားပါတယ်။ 

မိုင်းနုမ်ဟန်လို တအာင်းတိုင်းရင်းသားစံပြလူငယ်ခေါင်းဆာင်တဦး ကွယ်လွန်သွားတာဟာ  တအာင်းလူမျိုးတွေအတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နစ်မှုတခုဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ ပြစ်မှုကျူးလွန်သူတွေကို ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013