DVB Logo
Home
မြန်မာသတင်း
လိပ်သိုမြို့အဝင် စစ်ကောင်စီဂိတ်စခန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
March 11, 2022
လိပ်သိုမြို့အဝင် စစ်ကောင်စီဂိတ်စခန်း မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အဝင် စစ်ကောင်စီ တပ်စခန်းအနီးမှာ မတ် ၁၁ ရက် မနက် ၈ နာရီလောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အရပ်သားယာဉ်မောင်း ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၆၀၃ တပ်စခန်းအနီး အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်စခန်းဂိတ်ထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် မိနစ်အနည်းငယ်ကြာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

လိပ်သိုမြို့ဒေသခံတဦးက "ဒီမနက်ပိုင်းက မြို့အဝင် တပ်ဂိတ်မှာ မိုင်းဆွဲခံရပြီး မိနစ်အနည်းငယ်လောက် တိုက်ပွဲဖြစ်တယ်။ အဲဒီဂိတ်ကကောင်တွေက လက်နက်မရှိတဲ့ ပြည်သူကို စစ်ဆေးတာတွေက မိုက်ရိုင်းတာ ကြာနေပြီ။ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒေသခံတွေအတွက် တပ်စခန်းဂိတ်တွေ မရှိလေကောင်းလေပဲ” လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကို တားဆီးစစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာသလို စစ်ကောင်စီတပ်တွေ အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မတ် ၈ ရက် မနက်က သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာ အကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် လစာနဲ့ ရိက္ခာပို့ကား ၅ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ကဆောပလိုအောက်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ဒေသခံရွာသားတဦးကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရားကျောင်းပိုင်ဆိုင် ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မတ် ၄ ရက် မနက်ပိုင်းက တောင်ငူ-လိပ်သို-လွိုင်ကော်လမ်းပေါ်က စစ်ကောင်စီရဲ့ လေလော်ဒေးတပ်စခန်းကို အမည်မသိ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013