DVB Logo
Home
မြန်မာသတင်း
အယုဒ္ဒယတွင် ခရီးသည်တင်ကားစင်းလုံးပြည့် လိုက်ပါလာသည့် မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ
DVB
·
March 10, 2022
အယုဒ္ဒယတွင် ခရီးသည်တင်ကားစင်းလုံးပြည့် လိုက်ပါလာသည့် မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဒယခရိုင်ထဲမှာ ခရီးသည်တင်ဘတ်စ်ကားနဲ့ စင်းလုံးပြည့် လိုက်ပါလာတဲ့ တရားမဝင် မြန်မာ ၅၃ ဦး ထိုင်းယာဉ်မောင်းသမား ၂ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၀ ရက် မနက်စောစောက အယုဒ္ဒယခရိုင်ထဲမှာ တရားမဝင် အလုပ်သမားတွေ နယ်မြေထဲ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ဆေးရေးအဖွဲ့က အာရှလမ်းမကြီးပေါ် မောင်းနှင်လာတဲ့ ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ မနက် ၄ နာရီလောက်မှာတော့ ဘန်ကောက်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ၆ ဘီးတပ် ခရီးသည်တင်ဘတ်စ်ကား ၁ စီးပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ သူတို့ဟာ ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသတွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦး ဘတ် ၂၆,၀၀၀ မှ ၂၈,၀၀၀ ထိပေးပြီး ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းယာဉ်မောင်းသမား ၂ ဦးကတော့ သူတို့ဟာ အဆိုပါအလုပ်သမားတွေကို ဆင်းဘူးရီးခရိုင်ကနေ ဘန်ကောက်ကို ပို့ပေးဖို့အတွက် မြန်မာ ၁ ဦးက ဆက်သွယ်လာတာဖြစ်ကြောင်း၊ ပို့ခအနေနဲ့ ၁ ဦးလျှင် ဘတ် ၂၀,၀၀၀ စီရပြီး လူကုန်ကူးမှုနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
တာဝန်ရှိသူတွေက မြန်မာ ၅၃ ဦးကိုရော ထိုင်းကားသမား ၂ ဦးကိုပါ တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့ အယုဒ္ဒယခရိုင် ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013