DVB Logo
Home
မြန်မာသတင်း
ကျေးရွာတခုချင်းအလိုက် ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ တောင်းဆို
DVB
·
March 9, 2022
ကျေးရွာတခုချင်းအလိုက် ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာဘက်က ပြန်လက်ခံမယ်ဆိုရင် မူလကျေးရွာတခုချင်းအလိုက် လက်ခံပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မာမတ်ရှော်ဘီက "ဟုတ်ပါတယ်။ ကျနော်တို့ အဓိက လိုချင်တာက မိမိတို့ နေထိုင်ခဲ့တဲ့ မူလကျေးရွာ နေရာတွေပါ။ ဒါကြောင့် ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုတွေအလိုက် ပြန်လည်လက်ခံရမှာပါ။ မဟုတ်ရင် သူတို့ချပေးတဲ့ စုရပ်နေရာတွေမှာပဲ နေထိုင်သွားရမှာ၊ မူလကျေးရွာနေရာမှာ ပြန်လည်နေထိုင်ခွင့် ရကြမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ နေရပ်ပြန်နိုင်ရေး စာရင်းကောက်ယူရာမှ ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုအလိုက် စာရင်းကောက်ယူခြင်း မရှိသလို မြန်မာဘက်က ပေးပို့လာတဲ့ ပြန်လည်လက်ခံရေး စာရင်းတွေမှာလည်း ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုစာရင်းအတိုင်း မဟုတ်တဲ့အတွက် မူလကျေးရွာ နေရာတွေမှာ ပြန်လည်နေထိုင်လို့ မရမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
အခုပို့လာတဲ့ စာရင်းတွေက ကျေးရွာတခုချင်းစီ ကောက်တာမဟုတ်လို့ အရင်နေရာမှာ ပြန်ရဖို့ မလွယ်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး နေထိုင်တဲ့ ကိုဒီမာမတ်က ဆိုပါတယ်။
"အခု သူတို့ပို့လာတဲ့ စာရင်းတွေက ကျေးရွာတခုစီ စာရင်းကောက်တာ မဟုတ်ဘူးဆိုတော့ အရင် မူလကျေးရွာတွေမှာ ပြန်လည်နေရာချထားဖို့ မလွယ်တော့ဘူး။ လူနေအိမ် ၅ အိမ်၊ ၁၀ အိမ်နဲ့ ရွာပြန်ချလို့ မရနိုင်ဘူး။ လုံခြုံရေးအရလည်း လုံးဝ နေထိုင်လို့ အဆင်မပြေနိုင်ပါဘူး။"
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေအနက် လူဦးရေ ၇ဝဝ ကျော်ကို ပြန်လည်လက်ခံဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက မတ်လ ၈ ရက် နေ့လယ်ပိုင်းက သတင်းထောက်တချို့နဲ့ တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းကနေ ၂၀၁၇ ခုနှစ်အတွင်း နေရပ်စွန့်ခွာသွားတဲ့ ဟိန္ဒူလူမျိုး ၃၀၀ ကျော် နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာဘက်မှာ အမှန်တကယ် နေထိုင်ခဲ့ခြင်းရှိမရှိ စိစစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို မကြာသေးမီက အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်တွေကို အကြောင်းပြုပြီး စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် မွတ်စလင် ၇ သိန်းကျော်နဲ့ ဟိန္ဒူလူမျိုး ၄၀၀ ကျော် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013