ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ သစ်ထုတ်လုပ်ရေးဝင်းအရှေ့မှာ မတ် ၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မိုင်းတလုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မိုင်းသံအကျယ်ကြီးပဲ၊ မြေကြီးတောင်သိမ့်ခနဲပဲ၊ အိမ်ပေါ်ကိုတောင် မြေကြီးတွေကျခဲ့တယ်” လို့ ဖြစ်စဉ်နဲ့ အနီးဝန်းကျင်ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါနေရာဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဝင်တွေ ပြည်သူတွေကို စစ်ဆေးနေတဲ့နေရာဖြစ်ပြီး ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်မတော် BPDF က သတိပေးသည့်အနေနဲ့ ဖောက်ခွဲတာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့အတွင်း စစ်ကောင်စီဝင်တွေနဲ့ နီးစပ်ရာနေရာတွေ၊ စစ်ဆေးရာနေရာတွေကို ပြည်သူတွေ ရှောင်ကွင်းသွားလာကြဖို့နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
သစ်ထုတ်လုပ်ရေးဝင်းအရှေ့ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
မနေ့က ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ သစ်ထုတ်လုပ်ရေးဝင်းနဲ့နီးတဲ့ ဘောလုံးကွင်းနားမှာလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။