DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသအတွက် ကျပ်သိန်း ၁၀၀၀ ပရောဂျက် သိန်း ၇၀၀ ကျော်ရထား၊ ယနေ့နောက်ဆုံး လှူဒါန်းနိုင်
DVB
·
March 7, 2022
ကရင်နီဒေသအတွက် ကျပ်သိန်း ၁၀၀၀ ပရောဂျက် သိန်း ၇၀၀ ကျော်ရထား၊ ယနေ့နောက်ဆုံး လှူဒါန်းနိုင်
Donate to DVB

နမ့်မယ်ခုံဒေသ ပြန်လည်ရရှိရေးအပါအဝင် ကရင်နီဒေသအတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုဖို့ ကျပ်သိန်းတစ်ထောင် ပရောဂျက်မှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ် ထားရာမှာ ၆ ရက်အတွင်း ကျပ်သိန်း ၇၀၀ ကျော် ရရှိထားပါတယ်။

ခုလိုလှူဒါန်းမှုတွေထဲမှာတော့ စင်ကာပူနိုင်ငံက ကျပ်သိန်း ၂၄၀ နဲ့ အများဆုံးလှူဒါန်းထား ခဲ့ပြီး ပြည်တွင်းက ၁၆၈ သိန်း၊ ဂျပန်နိုင်ငံက ၅၄ သိန်း၊ ထိုင်းနိုင်ငံက သိန်း ၅၀ စီအသီးသီး ပါဝင်ထားခဲ့ကြကာ ဩစတေးလျ၊ အမေရိကန်၊ ကိုရီးယား၊ ဉရောပ၊ မလေးရှား၊ ယူကေ၊ ထိုင်ဝမ်၊ ယူအေအီး၊ မကာအိုစတဲ့ နိုင်ငံတွေကလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါကိုတော့ ကရင်နီ အမျိုးသားများကာကွယ်​ရေးတပ် (KNDF) ၊ ယန်းတစ်ရာအဖွဲ့နဲ့ People Of Evolving Myanmar (POEM) အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ကာ ၇ ရက်အတွင်း ကျပ်သိန်းတစ်ထောင်ရရှိပြီး မြေပြင်ကိုချက်ချင်းရောက်ဖို့ ရည်မှန်းထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်အတွင်း လေကြောင်း တိုက်ခိုက်မှု အပြင် စစ်ကြောင်းတွေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်နေပြီး အဆိုပါ ထိုးစစ်ဆင်မှုတွေအတွင်း အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရကာ တော်လှန်ရေးအင်အားစုတွေဟာလည်း လက်နက်အင်အားမမျှတာကြောင့် နယ်မြေတချို့ ဆုတ်ခွာပေးရတာ ဖြစ်ပါတယ်။

KNDF နဲ့ တော်လှန်ရေးအင်အားစုတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို အပြင်းအထန် ခုခံတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း လိုအပ်ချက်များစွာရှိနေတာမို့ ဒါတွေကို အချိန်မီပံ့ပိုး ဖြည့်တင်းဖို့လည်း အရေးတကြီးလိုအပ်နေတာပါ။

လတ်တလောမှာတော့ ဒီသိန်းတစ်ထောင် ပရောဂျက်က ရရှိငွေတွေကို နမ့်မယ်ခုံဒေသ ပြန်လည်ရရှိဖို့၊ နောက်ထပ်ဒေသတွေ အလားတူအဖြစ်မကြုံရဖို့နဲ့ စစ်ဘေးရှောင်တွေကို နိုင်သလောက် ကူညီနိုင်ဖို့အတွက် သုံးသွားမှာဖြစ်ပြီး ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ ဖော်ပြပါ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013