DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ၆၁၀၀၀ ကျော် ရောင်းချနိုင်ဟု NUG ပြော
DVB
·
March 5, 2022
နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ၆၁၀၀၀ ကျော် ရောင်းချနိုင်ဟု NUG ပြော
Donate to DVB

လက်ရှိအချိန်ထိ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်စောင်ရေ ၆၁,၀၇၄ စောင် ရောင်းချ နိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။

“ဘွန်းဝယ်ယူကြသူတွေထဲမှာ USD သိန်းနဲ့ သန်းနဲ့ချီပြီး ဝယ်သူတွေပါဝင်သလို USD ၁၀၀ တန်ဘွန်းကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်းပါပါတယ်။ မိမိနိုင်တဲ့ ပမာဏအလိုက် ဘွန်းတန်ဖိုး အသီးသီးဝယ်ယူပြီး တော်လှန်ရေးအတွက် ပါဝင်အားဖြည့် ပေးကြသူ တစ်ဦးချင်းတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုထိခိုက်ကြရတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ်ချွံချွံ တွန်းလှန် နေကြတဲ့ တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ဖို့ မိမိတို့ရဲ့ ချွေးနည်းစာတွေကို ခက်ခဲမှုများကြားထဲကနေ တာဝန်သိစိတ်နဲ့ ဘွန်းဝယ်ယူပေးကြသူတွေဖြစ်သလို ကိုယ်ထူ ကိုယ်ထ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ မိမိတို့ တိုင်းပြည်ကို တတပ်တအား ပြန်လည် ထူထောင်နေကြသူတွေလည်း ဖြစ်ကြပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်း ချနေတာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော် လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူတဲ့သူတွေ မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်။ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက် ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့  လုံးဝ အလဟဿ မဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ လုံးဝ တာဝန်ယူ/တာဝန်ခံကြောင်းလည်း  NUG ဝန်ကြီးက ပြောပါတယ်။

မျိုးဆက်သစ်တွေအတွက် မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေရရှိစေဖို့ ငွေတိုက်စာချုပ်များကို စွမ်းသမျှ ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013