DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်နှင့် ဖလမ်းတွင် တိုက်ပွဲဖြစ်၊ ၄ ရက်အတွင်း စစ်ကောင်စီ တပ်သား ၇၀ ခန့်သေ
DVB
·
March 4, 2022
ကန်ပက်လက်နှင့် ဖလမ်းတွင် တိုက်ပွဲဖြစ်၊ ၄ ရက်အတွင်း စစ်ကောင်စီ တပ်သား ၇၀ ခန့်သေ
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မတ်လ ၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ယောက်လောက်သေဆုံးခဲ့တယ်လို့ CDF ကန်ပက်လက်အဖွဲ့ထံက သိရပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ်မှာ ကျောက်ထုမြို့ဘက်ကနေ စစ်ကြောင်း  ၃ ကြောင်းနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ CDF ကန်ပက်လက်တို့ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၇ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ CDF ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ CDF  ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ည ၇ နာရီလောက်အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း၊ ဆောမြို့နယ်ကြားမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ CDF ကန်ပက်လက်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၃ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့တယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာပို့သွားတဲ့ စစ်ကောင်စီကား ၂၂ စီးကို ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နဲ့ တားလ်ကျေးရွာကြားမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က CNDF၊ CNA နဲ့CDF တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် လောက် သေဆုံးခဲ့တယ်လို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက တားလ်ကျေးရွာနဲ့ တလန်ဇာရ်ရွာကြားမှာ မတ်လ ၂ ရက်က ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့နယ် ရမ်ထလို ကျေးရွာနဲ့ဒေါက်ထက်ကျေးရွာကြားမှာလည်း မတ်လ ၃ ရက်နေ့က ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ  ညီနောင်မဟာမိတ် CNA တပ်ဖွဲ့က ရဲဘော်  ၃ ယောက် ကျဆုံးခဲ့သလို CNDF တပ်ဖွဲ့က ရဲဘော်တစ်ယောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကာ CNDF ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013