DVB Logo
Home
မြန်မာသတင်း
ပြည်မြို့သို့လာရောက်မည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်
DVB
·
March 4, 2022
ပြည်မြို့သို့လာရောက်မည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်
1 / 3
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ကို  အခုရက်ပိုင်းအတွင်း လာရောက်ဖို့ရှိတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  မကြိုဆို ဆန့်ကျင်ကြောင်း စာတန်းတွေကို မြို့လယ် လမ်းဆုံတွေမှာ လူငယ်တွေစာလိုက်ကပ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ရတနာထီးဖြူဘုရားမှာ ယတြာချေဖို့အတွက် ပြည်မြို့ကို လာရောက်မှာလို့  PUGN Team တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“သူလာမယ့်ရက်တော့ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အခုရက်တွေမှာ လမ်းတွေ ဆေးသုတ်တာတွေ၊ လမ်းမအလယ်မှာ ကာထားတဲ့ စတီးအကာတွေကို အရောင်တင်တာတွေ လိုက်လုပ်နေတယ်။ နောက်လမ်းမကြီးတွေဘေးမှာ ဖွင့်တဲ့ ကွမ်းယာဆိုင်လေးတွေ၊ လေထိုးကျွတ်ဖာ ဆိုင်လေးတွေကိုလည်း လိုက်ပိတ်ခိုင်းနေတော့ အခုတရက်နှစ်ရက်အတွင်းတော့ လာမှာလို့ ခန့်မှန်းရတယ်။ တနေ့ကလည်း ရတနာထီးဖြူဘုရားမှာ အကြိုအနေနဲ့ စစ်ကောင်စီဘက်က အကောင်ကြီးတကောင် ကြိုပြီးလာတယ်။ အဲ့ဒီရက်က အဲ့ဒီနားကို ဘယ်သူမှ သွားလို့မရဘူး။ အစစ်အဆေးလည်း အရမ်းကြမ်းတာ။ အဲ့ဒီတော့ အဲ့ဒီဘုရားကို သူလာလိမ့်မယ်တော့ ထင်တယ်။ ယတြာချေဖို့ပဲ ထင်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်သတင်းက သေချာနေလို့ စစ်အာဏာရှင်ကို ပြည်မြို့က မကြိုဆိုကြောင်း ဆန့်ကျင်လှုပ်ရှားမှု လုပ်ရတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဒီနေ့ မတ်လ ၄ ရက်နေ့ကနေ နောက် ၄ ရက်အထိ မြို့တွင်းရှိ အမိုးအကာ‌တွေနဲ့ လမ်းဘေးဈေးဆိုင်တချို့ကို ဖျက်သိမ်းခိုင်းထားတယ်လို့လည်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဆီက သိရပါတယ်။

အရင်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာလည်း အရင်ကထက် လုံခြုံရေး တင်းကျပ်ထားပြီး ပြည်ကနေ အောင်လံဘက်ကို စစ်ကောင်စီကားတွေ၊ ရဲကား အလုံပိတ်တွေလည်း ခဏခဏ သွားနေတာတွေလည်း ရှိနေတာကြောင့် အောင်လံဘက်ကိုလည်း သွားမယ်ထင်တယ်လို့ PUGN Team က ဆိုပါတယ်။

အခုလှုပ်ရှားမှုကို ပြည်မြို့က PUGN Team နဲ့ Shadow (Pyay Defence) အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး "ပြည်သူတွေက လက်နက်မပါလည်း တိုက်ရဲတယ်။ မင်းတို့ သတ္တိရှိရင် လက်နက်မပါဘဲ လာခဲ့ကြ" စတဲ့စာသားတွေ ရေးထားတဲ့ ဘန်နာ၊ ဆိုင်းဘုတ်တွေကို လမ်းစုံလမ်းခွတွေမှာ ချိတ်ဆွဲခဲ့ကြပါတယ်။

ဓါတ်ပုံ-Pyay Underground News-PUGN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013