DVB Logo
Home
မြန်မာသတင်း
KBZ PAY အကောင့် ပိတ်ခံထားရသူများ၏ နေအိမ်များကို စစ်တပ်က ဝင်ရောက်စစ်ဆေး
DVB
·
March 3, 2022
KBZ PAY အကောင့် ပိတ်ခံထားရသူများ၏ နေအိမ်များကို စစ်တပ်က ဝင်ရောက်စစ်ဆေး
Donate to DVB

ရန်ကုန်မြို့ရှိ မြို့နယ်အများစုမှာ KBZ PAY အကောင့်တွေ အပိတ်ခံထားရတဲ့ သုံးစွဲသူတွေရဲ့ နေအိမ်တွေကို မတ်လ၂ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးလေးယောက် အရပ်ဝတ်တွေနဲ့ ညွှန်ကြားချက်စာရွက်မှာပါတဲ့ သူတွေရဲ့ နေအိမ်တွေကို တအိမ်တက် တအိမ်ဆင်း ဝင်ရောက်ပြီး အချက်အလက်နဲ့ အိမ်ထောင်စုဇယားတွေ၊ အိမ်ဂရံတွေနဲ့ မှတ်ပုံတင်တွေကိုပါ စစ်ဆေးဖို့ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုလို စစ်ဆေးခံရသူတွေဟာ လွန်ခဲ့တဲ့ ၇ လ ၈ လလောက်တည်းက အကောင့်ပိတ်ခံထားရသူတွေ ဖြစ်ပါတယ်။

“အုပ်ချုပ်ရေးမှူးရယ်၊ စခန်းမှူးနဲ့ ရဲ သုံးလေးယောက် ပါတယ်။ အရပ်ဝတ်တွေနဲ့ လာကြတာ၊ စစ်ဆေးစရာရှိလို့ဆိုပြီး အိမ်ရဲ့ အိမ်ထောင်စုဇယားနဲ့ အိမ်ဂရံတွေလည်း ယူသွားတယ်။ ဘာကြောင့်လာရှာလဲ ဆိုတာကိုတော့ ပြောမသွားဘူး။ လက်ထဲမှာ စာရွက်တွေလည်း ပါတယ်။ အဲ့စာရွက်တွေမှာ နာမည်၊ အဖေနာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ဓာတ်ပုံတွေလည်း ပါတယ်။အိမ်မှာ သူတို့လာရှာတဲ့သူ မရှိဘူးဆိုရင် ဘယ်သွားလဲဆိုတာ မေးတယ်။ အလုပ်သွားတဲ့သူတွေ ဆိုရင်တော့ အလုပ်ဆင်းရင် စခန်းကိုလာခဲ့ဖို့ ခေါ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဥပဒေပုဒ်မ ၅၀ (ည) အရ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အင်အားစုတွေဆီ ငွေကြေးထောက်ပံ့တယ်လို့ အတိုင်ခံရတဲ့ K-Pay အကောင့်တွေကို ပိတ်ခဲ့တာဖြစ်ပြီး အဲဒီလူတွေရဲ့ နေအိမ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013