DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စစ်တပ်စစ်ဆေးရေးဂိတ်နှင့် စစ်ကား ဗုံးဖောက်ခွဲခံရ
DVB
·
March 1, 2022
မန္တလေးတွင် စစ်တပ်စစ်ဆေးရေးဂိတ်နှင့်  စစ်ကား ဗုံးဖောက်ခွဲခံရ
Donate to DVB

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ မေလ ၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် တခုနဲ့ ကားတစီး ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်းနဲ့ ယောမင်းကြီးလမ်းရှိ ကနောင် စစ်ကောင်စီတပ်သားတွေရဲ့ဂိတ်ကို နေ့လယ် ၂ နာရီ က Guerilla Force Of Mandalay(GRA) နဲ့ Eagle Brothers People’s Defence MDY အဖွဲ့တို့ ပူးပေါင်းကာ ဗုံးနဲ့ပစ်ခဲ့ပြီး  ထိခိုက်ဒဏ်ရာရသူ ရှိမရှိတော့  မသိရဘူးလို့ Guerilla Force Of Mandalay(GRA) က ထုတ်ပြန်ထားပါတယ်။

ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ၁၀၇ လမ်း အနီးမှာလည်း စစ်ကောင်စီတပ်ကားတစီးကို နေ့လယ် ၂ နာရီကျော်က Mandalay Youth Special Force (MYSF) က အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်က ကားတစီး ထိခိုက်ပျက်စီးတဲ့အပြင် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ Mandalay Youth Special Force (MYSF) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013