DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
March 1, 2022
ပလက်ဝတွင် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို ပြေးဆွဲနေတဲ့ စစ်တပ်ပိုင် ရေယာဉ်တွေမှာ ဆန်အပါအဝင် ကုန်ပစ္စည်း ၄ မျိုးကို သယ်ယူခွင့်ပိတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျောက်တော်မြို့ကနေ ပလက်ဝမြို့ကို စစ်ကောင်စီပိုင်ရေယာဉ်နဲ့ တစ်ပတ်ကို ၂ ကြိမ် ပြေးဆွဲနေတာဖြစ်ပြီး အဆိုပါရေယာဉ်ပေါ်မှာ ဆန် ၊ ဘိလပ်မြေ ၊ သံထည်ပစ္စည်းအပါအဝင် စက်သုံးဆီတွေကိုသယ်ဆောင်ခွင့်မရှိသလို အခြားစက်လှေတွေနဲ့သယ်မယ်ဆိုရင်လည်း နယ်လုံဝန်ကြီး လက်မှတ်ပါမှသာ သယ်ဆောင်လို့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို ကုန်သွယ်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ မရဘဲ ဆန်တွေကိုလည်း စစ်တပ်နဲ့ နီးစပ်သူတွေကသာ သယ်ယူခွင့်ရတာကြောင့် ငွေကြေးတတ်နိုင်သူတွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတွေကသာ စားဝတ်နေရေးအဆင်ပြေကြတယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်မှာ ပေါ်ဆန်မွေးဆန်တစ်အိတ်ကို ၅၀,၀၀၀ ကျပ်၊ အိန္ဒိယဆန်တစ်အိတ် ၃၅,၀၀၀ ကျပ်၊ စက်သုံးဆီ တစ်လီတာ ၂,၅၀၀ ကျပ်နဲ့ ဘိလပ်မြေတစ်အိတ်ကို ၂၀,၀၀၀ ကျပ်ကျော်အထိ ပေးဝယ်နေကြရတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်မှာ နိုင်ငံရေးအခြေနေတွေကြောင့် ဒေသတည်ငြိမ်မှုမရှိသလို အလုပ်အကိုင်ရှားပါးမှုတွေကြောင့်လည်း ပြည်သူတွေဝင်ငွေ လျော့နည်းနေကြပြီး ကုန်စည်းနှုန်းတွေပါ မြင့်တက်နေကြတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013