DVB Logo
Home
မြန်မာသတင်း
အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်၊ နွေဦးထီ Chatbot ကတဆင့် ကြည့်ရှုနိုင်
DVB
·
February 28, 2022
အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်၊ နွေဦးထီ Chatbot ကတဆင့် ကြည့်ရှုနိုင်
Donate to DVB

“အောင်လံလွှင့်ချီ နွေဦးထီ”ကို ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ထီပေါက်စဉ်ကိုတော့ မနက်ဖြန် မတ် ၁ ရက်မှာ နွေဦးထီ Chatbot ကတဆင့် ကြည့်ရှုနိုင်မယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၉ ဆုကို ချီးမြှင့် နိုင်ခဲ့တာပါ။

အဆိုပါ ကျပ်သိန်း ၁၀၀ ကံထူးရှင်က သူရရှိတဲ့ ဆုကြေးငွေတွေထဲက ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013