DVB Logo
Home
မြန်မာသတင်း
ဆန်အမျိုးအစားအလိုက် ဈေးနှုန်း မြင့်တက်လာ
DVB
·
February 27, 2022
ဆန်အမျိုးအစားအလိုက် ဈေးနှုန်း မြင့်တက်လာ
Donate to DVB

ပြည်တွင်းမှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်စျေးနှုန်းတွေ အမျိုးအစားအလိုက် နှစ်ပတ်အတွင်း တစ်အိတ်ကို   ၁၀ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ဒုတိယပတ်က ရှိခဲ့တဲ့စျေးနှုန်းတွေနဲ့ ယှဥ်ရင် အမျိုးအစားအလိုက် တစ်အိတ်ကို ကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ကျပ် ၁၀,၀၀၀ ကျော်ထိ မြင့်တက်လာတာပါ။

“ဆန်စျေးတွေက တက်ပါတယ်။ ရွှေဘိုပေါ်ဆန်းဆိုရင် နှစ်ပတ်လောက်အတွင်းမှာ အတော် သိသိသာသာ တက်လာတာပါ” လို့ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဆန်ကုန်သည်များအသင်းက ထုတ်ပြန်တဲ့ စျေးနှုန်းစာရင်းတွေအရပြီးခဲ့တဲ့ ဖေဖော်၀ါရီ ဒုတိယပတ်က တစ်အိတ်ကို ကျပ်  ၄၃,၀၀၀ ကနေ ၄၉,၀၀၀ ကြား ရှိခဲ့တဲ့ ရွှေဘိုပေါ်ဆန်း(အသစ်) က အခု ၅၅,၀၀၀ ကနေ  ၅၉,၀၀၀ ကြား ထိစျေးမြင့်တက်နေပါတယ်။

မြောင်းမြ/ပုသိမ်ပေါ်ဆန်းက လက်ရှိ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၃,၀၀၀ ကြား စျေးရှိပြီး၊ တစ်အိတ်ကို ကျပ် ၂,၀၀၀ စျေးတက်လာပါတယ်။ ကြားပျံရှယ်(သစ်)က တစ်အိတ်ကို ကျပ် ၄၄,၀၀၀ ကနေ ၄၆,၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ကျပ် ၅,၀၀၀ ၀န်းကျင် မြင့်တက်လာပါတယ်။ ရက် ၉၀ ဆန်က တစ်အိတ်ကို ကျပ် ၂၈,၀၀၀ ကနေ ၃၀,၀၀၀ ကြားစျေးပေါက်ပြီး တစ်အိတ်ကို ကျပ် ၃,၀၀၀ ကျော် မြင့်တက်လာပါတယ်။

လက်ရှိမှာ ပြည်တွင်းဆန်အပြင်  ပြည်ပပို့ဆန်နဲ့ ဆန်ကွဲစျေးနှုန်းတွေကလည်း တင်ပို့မှုအားကောင်းပြီး ငွေလဲ နှုန်းမြင့်တက်နေတာကြောင့် စျေးကောင်းနေတယ်လို့သိရပါတယ်။

အခုနှစ်က ပြည်ပတင်ပို့မှုအားကောင်းနေပြီး စပါးစျေးလည်း မြင့်နေတာကြောင့် အခုလိုဆန်စျေးနှုန်းတွေ မြင့်လာတာလို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ မကြာမီ နွေစပါးပေါ်လာရင်တော့ ဆန်စျေးပြန် အေးလာနိုင်တယ်လို့လည်း ဆန်လုပ်ငန်းရှင်က သုံးသပ်ပါတယ်။

အခုဘဏ္ဍာနှစ် ကြားကာလ ဘတ်ဂျတ် လေးလအတွင်းမှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ ဒသမ ၀၇၀ သန်းကျော် တင်ပို့ရောင်းချထားပြီး အရင်နှစ်ထက် တန်ချိန် သိန်းနဲ့ချီပြီး တင်ပို့မှု မြင့်တက်နေပါတယ်။

အခုအခါ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်း နဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် လာမယ့်နွေဆန်မှာ အထွက်လျော့နိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013