
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့နွေရာသီမှာ ကွင်းလယ်လူ ၃ ယောက်အထိ ခေါ်ယူဖို့အတွက် ပေါင် သန်း ၁၅၀ လောက် အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။
အသင်းကနေ ထွက်ခွာတော့မဲ့ ကတ်စမဲရိုးရဲ့နေရာမှာ အစားထိုးဖို့ ပေါင် သန်း ၈၀ ထိ သတ်မှတ်ထားပြီး နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အန်ဒါဆန်ကို ထိပ်တန်းပစ်မှတ်အဖြစ် ထားရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အူဂါတေးရဲ့နေရာမှာ အစားထိုးဖို့ ပေါင် သန်း ၄၀ လောက် ထပ်မံအသုံးပြုသွားမှာ ဖြစ်သလို လူငယ် ကွင်းလယ်လူတယောက်ကိုလည်း ထပ်မံခေါ်ယူဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် အသုံးစရိတ် ပိုမိုရရှိလာမှာဖြစ်ပြီး အသင်းကနေ ရပ်ရှ်ဖိုဒ်၊ ဟွိင်လန်းနဲ့ အိုနာနာတိုလို ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖို့လည်း စီစဉ်နေပါတယ်။










