DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေထည့်ဝင်နိုင်မည့် နွေဦးဆေးခန်း Nway Oo Clinic ဖွင့်လှစ်မည်
DVB
·
February 23, 2022
တော်လှန်ရေးရန်ပုံငွေထည့်ဝင်နိုင်မည့် နွေဦးဆေးခန်း Nway Oo Clinic ဖွင့်လှစ်မည်
Donate to DVB

အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးနိုင်မယ့် နွေဦးဆေးခန်း (Nway Oo Clinic) ကို ဖွင့်လှစ်မှာ ဖြစ်ပြီး အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာ ရောဂါတွေကို အွန်လိုင်းကနေ ပြသဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းက ဖွင့်မယ့် နွေဦးဆေးခန်းမှာ အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထူးအကြံပေး ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်တို့နဲ့ ပြသဆွေးနွေးနိုင်မှာဖြစ်ပြီး ဆေးခန်းပြရင်း တော်လှန်ရေးရန်ပုံငွေကိုပါ တစ်ပါတည်း ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်တယ်လို့်လည်း သိရပါတယ်။

နွေဦးဆေးခန်း ရဲ့ Website လိပ်စာနဲ့ စတင်ဖွင့်မယ့်ရက်ကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ကြေညာမယ်လို့လည်း ရေးသားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013