DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှုရပ်တန့်ရေး လုပ်ဆောင်ရန် လုံခြုံရေးကောင်စီထံ တိုက်တွန်း
DVB
·
February 23, 2022
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှုရပ်တန့်ရေး လုပ်ဆောင်ရန် လုံခြုံရေးကောင်စီထံ တိုက်တွန်း
Donate to DVB

ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ရာမှာအသုံးပြုနေတဲ့ တိုက်လေယာဉ်တွေအပြင် မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့ပေးနေကြောင်းနဲ့ ခုလိုလက်နက်ရောင်းနေတာကို ရပ်တန့်ဖို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်က  ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ တင်သွင်းတဲ့ အစီရင်ခံစာ တင်သွင်းရာမှာ  တိုက်တွန်းထားတာပါ။ 

လက်နက်တင်ပို့တဲ့နိုင်ငံတွေအနေနဲ့  လက်နက်တွေ ရောင်းချနေတာကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီကိစ္စအရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့က မြန်မာစစ်အစိုးရကို မောင်းသူမဲ့လေယာဉ်တွေ၊ တိုက်လေယာဉ် အမျိုးအစား နှစ်မျိုးနဲ့၊  လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပါရှိတဲ့ သံချပ်ကာယာဉ် အမျိုးအစား အပါအဝင်  သံချပ်ကာယာဉ် အမျိုးအစား နှစ်မျိုး ဆက်လက်ပံ့ပိုးပေးနေပြီး နောက်ထပ်လက်နက်တွေအတွက် ရုရှက ကတိပေးထားသေးကြောင်း၊ အဲဒီကာလအတွင်း ဆားဘီးယားနိုင်ငံဟာ မြန်မာစစ်တပ်ကို ဒုံးကျည်တွေနဲ့ အမြောက်တွေကို တင်ပို့ခဲ့ကြောင်း ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့က ၀င်ငွေနဲ့ နိုင်ငံခြားငွေ အရန်ငွေတွေကို ဖြတ်တောက်ခြင်းအပြင် မြန်မာ့သစ်၊ ကျောက်မျက်ရတနာတွေနဲ့ မြေရှားသတ္တု ဝယ်ယူမှုအပေါ် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ဖို့လည်း  တွမ်အင်ဒရူးစ်ဟာ တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013