DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးပုံတပုံ လျော့နည်းကျဆင်း
DVB
·
February 21, 2022
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးပုံတပုံ လျော့နည်းကျဆင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက်  ၂၄ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားတယ်လို့  စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ခွင့်ပြုပြီးပြီလို့ ကော်မရှင်က ဆိုပါတယ်။ 

စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမလေးလမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၆၇၀ ကျော် ခွင့်ပြုထားခဲ့တာပါ။  ဒါကြောင့် အခုဘဏ္ဏာနှစ် လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု(FDI) ဝင်ရောက်မူက အရင်နှစ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော်၊ ရာခိုင်နှုန်း အနေနဲ့ ၂၄ရာခိုင်နှုန်းလျော့ကျခဲ့ပါတယ်။ 

အခုဘဏ္ဏာနှစ် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွေတော့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၆၈၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၆၅ သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၄၅ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှ အမေရိကန် ဒေါ်လာ၂၀ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်၊ စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း အသီးသီး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ လေးလအတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၅ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားပြီး တရုတ်ကအမေရိကန် ဒေါ်လာ ၁၀၉ သန်း၊ တရုတ် (တိုင်ပေ)က အမေရိကန်ဒေါ်လာ ၃ သန်းကျော်၊ ဟောင်ကောင်က ၅၅ သန်း၊ တောင်ကိုရီးယား ၄၄ သန်းကျော်၊ ထိုင်း ၇ သန်း၊ နယူးဇီလန် ၄ သန်း၊ နီပေါ ၁သန်းခွဲ၊ ပြင်သစ် ၀ ဒသမ ၄၉၇သန်း၊ အိန္ဒိယ ၀ ဒသမ ၅၅ သန်း၊ ဂျပန် ၁ ဒသမ ၃၁ သန်း၊ မလေးရှား ၀ ဒသမ ၃၁၂ သန်း အသီးသီး ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013