DVB Logo
Home
Lead Story
မအလ… ဘာအခုမှ ကြောက်ပါပြီလဲ
DVB
·
February 21, 2022
မအလ… ဘာအခုမှ ကြောက်ပါပြီလဲ
Donate to DVB

ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်နေ့က မအလတယောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရှေ့မှာ သွေရူးသွေးတန်းနဲ့ ဖန်တရာတေနေတဲ့ စကားလုံးတွေနဲ့ ကျင့်သားရနေတော့တယ်။ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ခိုးကြောင်ခိုးဝှက်သွားခဲ့တဲ့ ရှမ်းပြည်နယ်ခရီးစဥ်တွေမှာ “ဒီမိုကရေစီအရေး ဆောင်ရွက်ကြရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်” တဲ့။ 

“မိမိတို့အနေဖြင့် နိုင်ငံရေး၊ လူမျိုးရေးများနှင့်ပတ်သက်၍ လက်နက်ကိုင်ဆောင်ရွက်ခြင်းကို အားမပေးပါ။ ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး လမ်းစဥ်ကိုသာ ဆောင်ရွက်ရမည်၊ အခုကာလတွင် လုံခြုံရေးအရ တည်ငြိမ်အောင် နိုင်ငံရေးအရ ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်” လို့ ဖေဖော်ဝါရီ ၁၆ ရက် မိုင်းခတ်မြို့နယ်နဲ့ မိုင်းယောင်းမြို့နယ် ခရီးစဉ်တွေမှာ ကြောက်သွေးဖြာပြီး ဟန်ကိုယ့်ဖို့ အသံကောင်းဟစ်ခဲ့ပါတယ်။ 

ဒီအသံကို ဆန်းစစ်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွင့်အရေးတွေနဲ့ မက်လုံးပေး ချွေးသိပ်ပြီး NCA လမ်းကြောင်းပေါ်ကို ပြန်ဆွဲခေါ်နေတာပါ။ မအလရဲ့ လူရာဝင်ဖို့ ရှေ့တလှမ်း တိုးလာတဲ့ အောက်လုံးနည်းဗျူဟာတစ်ခုပါပဲ။ မအလ ပြောတဲ့ ဗိုလ်ရူးခံသဘင်ဆိုလား၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုလားကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ကြပ်ပြေးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်လွှတ်ပြီး တက်ရောက်ခဲ့ကြတယ်။ 

နိုင်ငံရေးအောက်ကလိအာနည်းကို အသုံးချပြီး မအလက သူနဲ့ အပေါင်းအပါ အာဏာရူးတသိုက်ကို လာရောက်ဂါရဝပြု အသိအမှတ်ပြုကြတယ်လို့ ဂုဏ်ဆာပြီး အမှတ်ယူခဲ့တာပါ။ ဒါကို ဟိုမရောက် ဒီမရောက် နိုင်ငံရေးစားဖားတွေ၊ ရာသီပေါ်အခွင့်အရေးသမားတွေ၊ ခါတော်မီ လူရာဝင်ချင်တဲ့ အဖွဲ့တွေ၊ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေက ငါတို့တော့ နေရာအလွတ်တွေမှာ ဖျာဝင်ခင်းကြမဟေ့၊ မအလကို ဖော်လံဖားပြီး ပေါင်းစားကြမယ်ဟေ့ ဆိုတဲ့ တနပ်စာမဟာမိတ်ဆက်ဆံရေးနဲ့ ဂယ်ပေါက်တွေကို ဝင်ချောင်းခွင့်ရခဲ့ကြတဲ့ လုပ်ပွဲတစ်ခုဆိုရင် မမှားပါဘူး။

အဲဒီအရူးရှုခံပွဲ တက်ရောက်ခဲ့ကြတဲ့ တချို့အဖွဲ့တွေက ကိုယ်စားလှယ်တွေဆိုရင် မိခင်အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ မိမိတဦးတည်းရဲ့ အကျိုးစီးပွားအတွက် မအလကို မျက်နှာချိုသွေး တက်ရောက်လာကြတဲ့ ငို့ဘတွေရှိသလို ဒီပွဲတက်ရောက်ပြီးမှ တက်ရောက်ခဲ့သူဟာ ငါတို့အဖွဲ့အစည်း ငါတို့ပါတီကို ကိုယ်စားပြုသူမဟုတ်ဘူးဆိုပြီး ကြောညာချက်ထုတ် ရှင်းလင်းရတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ တချို့ဆို ဘယ်လောက်ထိတောင် နိုင်ငံရေးအရ လူရာဝင်ချင်လဲဆို ကိုယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှု မှတ်တမ်းတွေကိုတောင် ချနင်းခံပြီး မအလကများ နေရာတနေရာ ပေးမလား၊ လူရာသွင်းပြီး တာဝန်တခုခုများပေးမလားဆိုပြီး မအလ အလိုကျ လိုက်ဟောင်ပေးခဲ့၊ အမြီးနဲ့အကောင်တွေလည်း မျက်ဝါးထင်ထင် ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရပါတယ်။ အဲတော့ မင်းတို့ ဘာကောင်တွေလဲ၊ မအလ အလိုကျ ကမယ့်ပွဲကို ဘယ်ခွေးတိုးပေါက်က ဝင်ကြဦးမလဲဆိုတာ ပြည်သူတွေက အဆက်မပြတ် စောင့်ကြည့်တာပါ။

ဘာပဲပြောပြော မအလရဲ့ ပွဲဦးထွက် အရူးခံသဘင်မှာ ပြည်သူတွေရဲ့ ဘတ်ဂျက်နဲ့ စရိတ်ငြိမ်း ဟက်စကီးစီးကြ၊ ဇိမ်ခံဟိုတယ်တွေမှာ အဆီရစ်ကြ၊ စားရင်းသောက်ရင်း ဘယ်ခွင်ကိုဖန်ရင် ငါတို့အတွက် ဘယ်လောက်ကျန်မလဲဆိုပြီး အခွင့်အရေးလုပ်ပိုင်ခွင့်တွေ ရအောင် ရှာဖွေ ချိတ်ဆက်ကြတဲ့ ပွဲကြီးပွဲကောင်း နွှဲခွင့်ရကြတာဆိုတော့ မအလအတွက်တော့ ငါ့အကွက်ထဲ ဝင်လာပြီဆိုပြီး ကျိတ်ပြုံးလေး ပြုံးနေမိမှာ အသေအချာပဲ။ 

ကြပ်ပြေးမိစ္ဆာတွေနဲ့ သူတို့အရိုးကိုက်တွေရဲ့ နေ့စဥ်ရက်ဆက် ပြည်သူတွေကို မီးလောင်တိုက်သွင်းနေဆဲ ကာလမှာ အရူးခံပွဲကို တက်ရောက်အားပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအနေနဲ့ သူတို့သမိုင်းကို မအလ ရေးတာခံလိုက်ရပြီဆိုတာတော့ ငြင်းချက်ထုတ်နေဖို့ မလိုပါဘူး။ ကိုယ့်တပ်ကိုယ်မနိုင် တစ်နှစ်ကျော်လာပေမယ့် တစ်ရက်မှ အုပ်ချုပ်ခွင့်နဲ့ အာဏာသက်ရောက်မှုကင်းမဲ့ဇုန်တွေ တတိုင်းတပြည်လုံး ပေါ်လာနေတဲ့ အချိန်မှာ အကျိုးစီပွားနဲ့ အခွင့်အရေးကို ကြည့်ပြီး မအလကို မိစ္ဆာသိဒ္ဓိ အထပ်တခါခါ တင်ပေးတဲ့ပွဲကို တက်ရောက်ခဲ့တဲ့ မှတ်တမ်းဆိုးကို ပြည်သူ့မျက်နှာကို လုံးဝမငဲ့ကွက်ဘဲ ခံယူလိုက်ကြတာပဲ။ 

မအလက ဘယ်လောက်ထိ ခေါင်းဆောင်မှု ညံ့ဖျင်းသလဲဆို သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းသမား တဦးက ပျူစောထီးအဖွဲ့ဆိုတာ စကစရဲ့ အားပေးအားမြှောက်နဲ့ ဖွဲ့ထားတယ်ဆိုတော့ မအလ စပီကာ ငမဲလုံးက ပျူစောထီးအဖွဲ့ဆိုတာ မရှိပါဘူးလို့ ငြင်းခဲ့တယ်။ တခါ ကြံ့အုပ်ကြီးသန်းဌေးက ပျူစောထီးကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ပြီး PDF သူပုန်တွေကို ချေမှုန်းရမယ် ပြောလိုပြော၊ နောက်တခါ နံနံလှမြင့်က မိမိတို့ပါတီဝင်တွေ အသက်အန္တရာယ်ထိခိုက်လာလို့ ခုခံကာကွယ်ပိုင်ခွင့်အတွက် ပျူစောထီးတွေကို အင်အားကောင်းအောင်လုပ်ရမယ်ဆိုပြီး တယောက်တပေါက် အဖွင့်အပိတ်ညက်ညောစွာ ငါ့စကားနွားရဇာတ်ခင်းခဲ့ကြတယ်။ ဒါက ကိုယ့်တပ် ကိုယ်မနိုင် ဖင်တရွတ်တိုက်ဆွဲ အခြေအနေအမှန်ကို ထုတ်ပြနေတာပါ။

ပြီးတော့ ခွေးပါးစပ်က မြေခွေးစကားထွက်ပြီး ဘယ်တုန်းကမှ မရှိခဲ့တဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး၊ ကြိုတင်ကန့်သတ်ချက်မထားဘဲ နိုင်ငံရေးဆွေးနွေးနိုင်တယ်လို့ မအလက မက်လုံးပေးခဲ့တာ။ ပွဲစားရာပြည့်က သူတို့မိစ္ဆာတသိုက် သက်ဆိုးရှည်ရေးအတွက် NUG, NUCC, PDF ကလွဲရင် ဘယ်အဖွဲ့နဲ့မဆို ဆွေးနွေးမယ်၊ NUG, NUCC, PDF တို့ကို ချေမှုန်းရေး နည်းဗျူဟာကိုပဲ နားချခဲ့တာပါ။ ဒါကိုကြည့်ရင် အရူးခံပွဲ တက်ရောက်လာခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို NUG, NUCC, PDF တွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးလိုက်တဲ့ ဥပဒေက မည်သို့ပင်ဆိုစေကာမူ ဆိုတဲ့ ‘အမိန့်’ တစ်ခုပဲဆိုတာ ပေါ်လွင်နေပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီကိုလိုလားသူတိုင်း စစ်မိစ္ဆာအလိုကျ ပြုမူပြောဆိုလုပ်ကိုင်သူတိုင်း သမိုင်းကွေးသွားနိုင်တဲ့ ထိလွယ်ရှလွယ် အခြေအနေတစ်ခုပါ။ ဒါကြောင့် မအလက လစ်ရင် လစ်သလို ကြောက်ကြောက်နဲ့ PDF တွေ လက်လှမ်းမမီနိုင်သေးတဲ့ ဒေသတွေကို ခိုးကြောင်ခိုးဝှက် သွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ကြား သွေးခွဲသပ်လျှိုတဲ့နည်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ မြေပြင်ဆင်းပြီး ဝါဒဖြန့်နေရကိန်းဆိုက်နေပြီ။ ဘာလို့လဲဆိုတော့ တပ်က ပြိုတော့မယ်၊ PDF ကလည်း တနိုင်ငံလုံးအနှံ့ တမဟုတ်ချင်း အင်အားကြီးလာပြီး လက်နက် စုဆောင်းနိုင်စွမ်းတွေက ပိုအားကောင်းလာတယ်။ ပြည်သူတွေကလည်း မီးခဲပြာပုံဘဝက ပိုမိုရုန်းကြွနိုးထလာနိုင်တဲ့ ကျင့်သားရလာပြီဆိုတော့ မအလခမျာ. NCA ကောင်းမှု အကြောင်းပြုပြီး မရဏကြိုးစင်ပေါ်က ကန်ချခံရတော့မယ့်အရေး ကြောက်ကန်ကန်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်  စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရေး အဓွန့်ရှည်ရေးအတွက် နေ့မအား ညမနား ကြိမ်တို့ခံနေရတဲ့ ဘဝကို ရောက်နေပါပြီ။ 

ဘာကြောင့်လဲဆိုတော့ မအလ သေတွင်းကို PDF နဲ့ ပြည်သူတွေကပဲ ပျော်ပျော်ပါးပါးကြီး တူးဆွပေးပါတော့မယ်။

မအလ ရေ..... “ဘာ အခုမှ ကြောက်ပါပြီလဲ”။ 

မိုးမြင့်မော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013