DVB Logo
Home
မြန်မာသတင်း
ချင်းပြည်အစိုးရပေါ်ပေါက်ရေး ချင်းလူမျိုးအားလုံး စုစည်းညီညွတ်ကြရန် CNF တိုက်တွန်း
DVB
·
February 21, 2022
ချင်းပြည်အစိုးရပေါ်ပေါက်ရေး ချင်းလူမျိုးအားလုံး စုစည်းညီညွတ်ကြရန် CNF တိုက်တွန်း
1 / 5
Donate to DVB

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိ ဝိတိုရိယခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

ဒီအခမ်းအနားကို ချင်းအမျိုသားတပ်ဦး (CNF/CNA) က ခေါင်းဆောင်တွေ၊ CJDC က တာဝန်ရှိသူတွေ၊ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ကိုယ်စားလှယ်တွေ၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လက်ရှိအခြေအနေကို အခွင့်အရေးအဖြစ် အသုံးချကာ ချင်းပြည်အစိုးရပေါ်ပေါက်ဖို့ အရေးကြီးလိုအပ်နေကြောင်းကို တိုက်တွန်းပြောဆိုခဲ့တာပါ။

“ကျနော်တို့ ချင်းဆိုတဲ့ Identity အောက်မှာ ကျနော်တို့အမျိုးသား အကုန်လုံးလက်ခံတဲ့ National Identity အောက်မှာ စည်းလုံးရေးတည်ဆောက်ဖို့က တော်တော်အရေးကြီးပါတယ်။ ဒီနေ့ဒီအချိန်မှာ ဒီလို အစိုးရဖွဲ့စည်းဖို့အတွက် ပြည်သူတွေက တောင်းဆိုနေတယ်။ အချိန်အခါလည်း ပေးနေတယ်။ ဒါကို အခွင့်အကောင်းမယူဘဲ လက်ပိုက်ကြည့်နေမယ်ဆိုရင် သမိုင်းမှာ မဟာအခွင့်အရေးဆုံးရှုံးသွားပြီးတော့ နောင်လာနောက်သားတွေ ကျနော်တို့ကို အပြစ်တင်လာစရာတွေဖြစ်ပါတယ်။ အဲဒါကြောင့် အချုပ်အနေနဲ့ Nation Building ကို တည်ဆောက်မယ့် ချင်းလန်းအစိုးရ ပေါ်ပေါက်လာပါစေလို့ ဆန္ဒပြုပါတယ်။”  

ချင်းအမျိုးသားနေ့ကို အစိုးရအဆက်ဆက်က ပိတ်ပင်ထားခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှ တရားဝင်ကျင်းပခွင့် ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ 

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိ ဝိတိုရိယခန်းမမှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့မှာတော့ အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ပြီး အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

အယ်လ်ဘမ်ထည့်ပေးပါ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013