DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့ ခြေမြန်တပ်ရင်း ၄၃၇ အနီး ဗုံးပေါက်ကွဲ
DVB
·
February 20, 2022
မိုးမောက်မြို့ ခြေမြန်တပ်ရင်း ၄၃၇ အနီး ဗုံးပေါက်ကွဲ
Donate to DVB

ဆိုင်ကယ်စီးပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့ ခြေမြန်တပ်ရင်း ၄၃၇ အနီးမှာ ဖေဖော်ဝါရီ ၁၉ ရက် ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခြေမြန်တပ်ရင်း ၄၃၇ အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်က သေနတ်နဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ေညနေ ၆ နာရီလောက်က ခမရ ၄၃၇ရှေ့မှာ ဗုံးပေါက်တာ။ အသံတော့ အရမ်းကျယ်တယ်၊ ဗုံးပေါက်ပြီးတော့ သေနတ် နဲ့ လျှောက်ပစ်နေတယ်။ ဗုံးပေါက်လို့  ထိခိုက်တာရှိမရှိတော့ မသိဘူး" လို့ တပ်ရင်းအနီးနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တာလဲဆိုတာကိုတော့ မသိရပါဘူး။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ခမရ တပ်ရင်း ၄၃၇ ရှေ့က ဆိုင်ကယ်စီးနှင်းသွားသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ လှမ်းပစ်လို့ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013