DVB Logo
Home
မြန်မာသတင်း
မုံရွာ-ပုသိမ်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် မှန်လုံကား မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
February 18, 2022
မုံရွာ-ပုသိမ်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် မှန်လုံကား မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရေကာချောင်းမြောက်ဘက် မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ မှန်လုံကားတစီး မိုင်းဆွဲတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့ကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေတင်ဆောင်လာတဲ့ Express မှန်လုံကားကို ပဒေသာမိုင်း ၃၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မုံရွာဗန္ဓုလအဖွဲ့က ထုတ်ပြန်ထားပါတယ်။

“စစ်ကောင်စီတပ်သားတွေတင်လာတဲ့ Express ကားတစ်စီး ဆားလင်းကြီးမြို့ကနေ မြောက်ဘက်ကို ပုသိမ်-မုံရွာလမ်းအတိုင်းထွက်လာတာ။ ကျနော်တို့ ပွိုင့်တွေနားအရောက်မှာ ပဒသောမိုင်းဆွဲ တိုက်ခိုက်လိုက်တာ Express ကားကိုထိတယ်။ အဲ့ဒီကားပေါ်ကနေ ၆ ယောက်လောက်ပဲ အောက်ကိုဆင်းလာနိုင်တယ်၊ ကားကလည်း မှန်တွေကွဲပြီး စုတ်ပြတ်သွားတယ်။ နောက်တော့ Expressကားကို ဆားလင်းကြီးကနေ ကားအသေးလေးနဲ့လာပြီး ဆားလင်းကြီး စခန်းကို ပြန်ဆွဲသွားတာမြင်တယ်" လို့ မုံရွာဗန္ဓုလအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

Express ကားကို မုံရွာ ဗန္ဓုလအဖွဲ့သားများ LDF၊ Monywa Lightning PDF၊ Monywa Peregrine PDF နဲ့ One Star Test Force တို့ ပူးပေါင်းပြီး  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မှန်လုံကား မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013