DVB Logo
Home
မြန်မာသတင်း
ပဲတီစိမ်းကို ကန့်သတ်တင်သွင်းကုန်အဖြစ် အိန္ဒိယအစိုးရ ပြန်လည်ပြင်ဆင်သတ်မှတ်
DVB
·
February 18, 2022
ပဲတီစိမ်းကို ကန့်သတ်တင်သွင်းကုန်အဖြစ် အိန္ဒိယအစိုးရ ပြန်လည်ပြင်ဆင်သတ်မှတ်
Donate to DVB

ပဲတီစိမ်းကို လွတ်လပ်စွာတင်သွင်းခွင့်ရှိတဲ့ကုန်စည်အဖြစ် သတ်မှတ်ထားရာကနေ ကန့်သတ်ချက်နဲ့တင်သွင်း ခွင့်ပြုတဲ့ကုန်စည်အဖြစ်ကို အိန္ဒိယအစိုးရ ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

အိန္ဒိယအစိုးရက ပဲတီစိမ်းအပါအဝင် မတ်ပဲ၊ ပဲစင်းငုံ တို့ကို ၂၀၂၂ ခုနှစ် မတ်လအကုန်ထိ လွတ်လပ်စွာ တင်သွင်းခွင့်ရှိတဲ့ကုန်စည်အဖြစ် သတ်မှတ်ပြီး သူ့နိုင်ငံအတွင်း တင်သွင်းခွင့်ပြုထားရာကနေ ဖေဖော်ဝါရီ ၁၁ ရက်က စတင်ပြီး ပဲတီစိမ်းတစ်မျိုးကို ကန့်သတ် တင်သွင်းကုန်စည်အဖြစ် သတ်မှတ်လိုက်တာပါ။ အခုလို မူဝါဒ ရုတ်တရက် ပြောင်းလိုက်တာကြောင့် အိန္ဒိယဈေးကွက်ကို တင်ပို့ဖို့ ပြင်ဆင်ပြီးဖြစ်တဲ့ မြန်မာ့ပဲတီစိမ်းတွေအတွက် နှစ်ဖက်ကုန်သည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီမူဝါဒကို ပြန်လည်သုံးသပ်ပေးဖို့ အိန္ဒိယ ကုန်သည်တွေက အစိုးရကို အဆိုပြုထားတယ်လို့ သိရပါတယ်။

မြန်မာဘက်တာဝန်ရှိသူတွေကလည်း အိန္ဒိယကို ပဲတီစိမ်း ပုံမှန် ဆက်လက်တင်ပို့နိုင်ရေး နှစ်ဖက် ညှိနှိုင်းဆောက်ရွက်ပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပြီး ၊ EUအပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်တဲ့ အခြား ဈေးကွက်တွေကို တင်ပို့နိုင်ရေးအတွက်လည်း စီမံသင့်ကြောင်း ကုန်သည်တွေကို အကြံပြုထား တယ်လို့သိ ရပါတယ်။

မြန်မာနိုင်ငံက ပဲတီစိမ်းကို အဓိကအားဖြင့် တရုတ်နိုင်ငံကို အများဆုံး တင်ပို့နေပြီး အိန္ဒိယနဲ့ ဥရောပနိုင်ငံအချို့ကိုလည်း တင်ပို့ရောင်းချနေတာပါ။ ပဲတီစိမ်းဈေးကွက်က အိန္ဒိယ ဈေးကွက်တစ်ခုတည်းမဟုတ်ပဲ တရုတ်နိုင်ငံနဲ့ တစ်ခြားဈေးကွက် တွေကိုပါ တင်ပို့နိုင်တဲ့ အခြေအနေရှိတာကြောင့် ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် အိန္ဒိယအစိုးရ ကသတ်မှတ်လိုက်ခြင်းကြောင့် ကြီးမားတဲ့ သက်ရောက်မူ ရှိမလာနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013