DVB Logo
Home
မြန်မာသတင်း
၂ လအတွင်း တော်လှန်​ရေးအင်အားစုများအတွက် ကျပ်သိန်း ၁ သောင်းကျော် ထောက်ပံ့
DVB
·
February 17, 2022
၂ လအတွင်း တော်လှန်​ရေးအင်အားစုများအတွက် ကျပ်သိန်း ၁ သောင်းကျော် ထောက်ပံ့
Donate to DVB

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ၂ လတာအတွင်း ပြည်တွင်း​တော်လှန်​ရေးအင်အားစုတွေအတွက် ကျပ်သိန်း ၁ သောင်းကျော် ထောက်ပံ့နိုင်ခဲ့တယ်လို့ CRPH - OFP Fundraising Program က ထုတ်ပြန်ပါတယ်။

CRPH - OFP Fundraising Program ပြည်သူ့​တော်လှန်​ရေးမိသားစုအစီအစဥ်မှာတော့  မိသားစုအဖွဲ့ဝင်ဦး​ရေ ၄၅၈၆ ယောက်ထိ ပါဝင်လာခဲ့ကြပြီး စင်ကာပူနိုင်ငံက အဖွဲ့ဝင် ၁၆၀၀ နီးပါးနဲ့ မိသားစုဝင်အများဆုံးပါဝင်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာအပါအဝင် အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ဂျပန်၊ ထိုင်း၊ ယူအေအီး၊ မလေးရှား၊ ဂျမေကာ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က မိသားစုဝင်တွေက တော်လှန် ရေးအတွက် ထောက်ပံ့ခဲ့ကြတာကို တွေ့ရပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်း ဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေအတွင်း မြန်မာလူထုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အတူ လက် တွဲညီညီနဲ့ တိုက်ထုတ်နေကြတာဖြစ်ကာ တဖက်ကလည်း လိုအပ်တဲ့ ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ်တွေမှာလည်း ဟန်ချက်ညီညီနဲ့ ပါဝင်နေကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013