DVB Logo
Home
မြန်မာသတင်း
ဖလူးကြီး ဘုရားကုန်းစစ်ကောင်စီတပ်စခန်းကို ကေအန်ယူ ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
February 16, 2022
ဖလူးကြီး ဘုရားကုန်းစစ်ကောင်စီတပ်စခန်းကို  ကေအန်ယူ ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီး ဖလူးကြီးကျေးရွာမှာ ဖေဖော်ဝါရီ  ၁၆ ရက်က စစ်ကောင်စီတပ်တွေနဲ့  ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က ဖလူးကြီးရွာအနီးနားမှာ KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တို့မှ နေရာယူထားပြီး ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်မှာ ဖလူးကြီး ဘုရားကုန်း စစ်ကောင်စီ တပ်စခန်းကို ဝင်တိုက်ခဲ့ရာမှာ အချိန်အနည်းငယ်အတွင်း စခန်းသိမ်းနိုင်ခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်စခန်းကနေ သေနတ် ၃ လက်နဲ့ တခြားပစ္စည်းတချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ကတော့ ထွက်ပြေးသွားကာ ဖလူးလေးဗိုလ်စလုံး စခန်းဘက်မှာရှိတဲ့  စကစလက်အောက်ခံ BGFတွေနဲ့ ပြန်ပူးပေါင်းနေကြတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာတဲ့အတွက် လေးကေ့ကော်တောင်ထိပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ  ဖလူးကြီးရွာအတွင်း ဘုရားကျောင်းဆောင် ပျက်စီးသွားသလို ဖလူးကြီးရွာသားတစ်ဦးလည်း ကျည်ဆန်စထိမှန် ဒဏ်ရာအပြင်းထန်ရရှိသွားပါတယ်။

မွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် တစင်းနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ရွာသားတစ်ယောက်က ပြောပါတယ်။   အဆိုပါတိုက်ပွဲကြောင့် ဒေသခံရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော် ဝင်ရောက်လာရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် အခုချိန်ထိစစ်ဘေးရှောင် ဒုက္ခသည်တွေဟာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာမှာထွက်ပြေး ခိုလှုံနေကြရတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013