DVB Logo
Home
မြန်မာသတင်း
NUG က လူသားချင်းစာနာမှုအကူအညီ တလအတွင်း ကျပ်သန်း ၃၆၀ ကျော် ထောက်ပံ့
DVB
·
February 15, 2022
NUG က လူသားချင်းစာနာမှုအကူအညီ တလအတွင်း ကျပ်သန်း ၃၆၀ ကျော် ထောက်ပံ့
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇန်နဝါရီတလတာအတွင်း  နိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားရေးအကူအညီ ကျပ်သန်း ၃၆၁ ဒသမ ၁ သန်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီး ဒီထောက်ပံ့မှုတွေထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေး ရှောင်တွေကို ၃၀၆ ဒသမ ၉၂ သန်းနဲ့ အများဆုံးထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနမှ CDM ဝန်ထမ်းတွေကို ငွေကျပ် ၂၁ ဒသမ ၉၂ သန်း၊ CDM ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေး ၂ နှစ်အောက်မိခင်တွေ၊ မသန်စွမ်းပြည်သူတွေအပါအဝင် ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ၁၇ ဒသမ ၃၄ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ၁၁ ဒသမ ၇၅ သန်းနဲ့ အထွေထွေလူသားချင်းစာနာမှု အကူအညီ ၃ ဒသမ ၁၈ သန်းစီ အသီးသီး ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီထောက်ပံ့မှုတွေကို အာဏာသိမ်း အကြမ်းဖက် စစ်တပ်ရဲ့ အတားအဆီး အမျိုးမျိုးကြားက ဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ၊ စေတနာ့ဝန်ထမ်းပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း NUG က ပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့အတူ အခက်အခဲတွေ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013