DVB Logo
Home
Lead Story
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်မှုများလာ
DVB
·
February 15, 2022
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးကူးစက်မှုများလာ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် စစ်ဆေးချက်အရ ကိုဗစ်ကူးစက်သူ ၂၉ ဦးနဲ့  ဖေဖော်ဝါရီ ၁၃ ရက် စစ်ဆေးချက်အရ ၃၇ ဦး တွေ့ရှိရပြီး မြို့နယ်တွင်း ကိုဗစ်ကူးစက်သူ ၁၀၀ ကျော်နေပြီလို့  မြို့နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာ  ဖေဖော်ဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်များပြားလာနေတယ်လို့  မြို့နယ်တွင်း ဆေးခန်းတစ်ခုက တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဆေးခန်းမှာ လာစစ်တဲ့ လူနာတွေအကုန်လုံးနီးပါးက ကိုဗစ်ပိုးတွေ့ရတယ်။ တစ်နေ့တည်း အယောက် ၃၀ ကျော်အထိတွေ့ ရတာ။ အိမ်ပြန်အနားယူခိုင်ပြီး သောက်ဆေးပဲ သောက်ခိုင်းထားတယ်။”

မြောက်ဒဂုံမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း “လမ်းထဲမှာ တစ်လမ်းလုံးက ဖျားနာနေကြတာပါပဲ။ သောက်ဆေးလေးနဲ့ ကုနေတာပဲ။ ချောင်းဆိုးတော့ကျန်တယ်”လို့  ပြောပါတယ်။

ခုသီတင်းပတ်အတွင်း ရန်ကုန်မှာ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ သိသိသာသာ များလာနေပေမဲ့ လူတွေကတော့   လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသွားအလာမပျက်သလို ကြိုတင်ကာကွယ်မှုတွေလည်း မလုပ်ကြတော့ဘူးလို့ ဆိုပါတယ်။ 

 “အိုမီခရွန် ကိုဗစ်မျိုးကွဲဖြစ်ပွားမှုဟာ   တတိယလှိုင်းကလောက် အသေအပျောက် မရှိနိုင်ဘူးလို့ သိကတည်းက လူတွေက မပူကြတော့ဘူး။ လက်ဖက်ရည်ဆိုင်ထဲလည်း လူအပြည့် စားသောက်ဆိုင်၊ ဘီယာဆိုင်လည်း လူအပြည့်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စနစ်တကျ ကာကွယ်မှုတွေတော့ မပျက်မကွက် လုပ်စေချင်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းက အထက (၁) နဲ့ အထက(၃) အပါအဝင် အထက်တန်းကျောင်းတချို့မှာ ကျောင်းသားတချို့  ကိုဗစ်ပိုးတွေ့ပေမဲ့ ကျောင်းမပိတ်ဘဲ ဆက်ဖွင့်လှစ်နေတာကြောင့် ရပ်ကွက်တွေထဲမှာ ရာဂါကူးစက်မှု များပြားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013