DVB Logo
Home
မြန်မာသတင်း
ပုလောမြို့ ထွေအုပ်ရုံးနှင့် စရဖ ရုံးအနီးနားတို့တွင် ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
February 13, 2022
ပုလောမြို့ ထွေအုပ်ရုံးနှင့် စရဖ ရုံးအနီးနားတို့တွင် ဗုံး ၂ လုံးပေါက်ကွဲ
Donate to DVB

တနင်္သာရီတိုင်း‌ ပုလောမြို့မှာရှိတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အနီးနားနဲ့ စရဖ ရုံးအနီးနားမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပေါက်ကွဲခဲ့တာဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအနီးနားမှာ မနက် ၆ နာရီကျော်လောက်က ပထမဗုံး ပေါက်ကွဲခဲ့တာဖြစ်ကာ မနက် ၇ နာရီ ခွဲဝန်းကျင်အချိန်မှာတော့ လယ်ဝိုင်ဘုန်းတော်ကြီးကျောင်းအနီး စရဖ ရုံးဝန်းကျင်မှာ ဒုတိယဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ပထမ ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် ထွေအုပ်ရုံးမှာရှိတဲ့ ပြတင်းမှန်တံခါးတွေ ထိခိုက်ပျက်စီး သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိဘူးလို့ သိရပါတယ်။ 

အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ပု‌လောမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ခန့်  ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013