DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂ ဦး ဖမ်းဆီးခံရ
DVB
·
February 12, 2022
လှိုင်သာယာ အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၊ လှိုင်သာယာ စက်မှုန်ဇုန် (၂) မှာရှိတဲ့ Sioen Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်ပါတယ်။ 

ဖေဖော်ရီ ၁၀ ရက်နေ့မှာ စက်ရုံလုပ်သား ကိုသန့်ဇော်ဦးကို အရင်ဝင်ရောက်ဖမ်းဆီးသွားပြီး နောက်တနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာ  အမျိုးသမီးတယောက်ကို ထပ်မံဝင်ရောက် ဖမ်းဆီးခဲ့တာလို့ စက်ရုံနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံမှသိရပါတယ်။

စက်ရုံအလုပ်သမားတစ်ဦးက “စစ်ကားတစ်စီး ကိုယ်ပိုင်ကား နှစ်စီး အရပ်ဝတ်တွေနဲ့ အယောက်နှစ်ဆယ်ကျော်လောက် စက်ရုံထဲ ရောက်လာတာပါ။ လက်နက်တွေလည်း ပါပါတယ်’’ လို့ ပြောပါတယ်။

အလုပ်သမား ကိုသန့်ဇော်ဦးဟာ PDF ထောက်ပံ့သူဖြစ်တယ်ဆိုပြီး စစ်ကောင်စီသတင်းပေး ဒလန်က အင်စတာဂရမ်မှာ ရေးသားပြီးနောက်အဖမ်းခံရတာဖြစ်ကြောင်းနဲ့ လက်ရှိ ဖမ်းဆီးခံ အလုပ်သမား ၂ ဦးကို ဘယ်မှာထိန်းသိမ်းခံနေရတယ်ဆိုတာ မသိရသေးဘူးလို့ အလုပ်သမား အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းထားတဲ့တစ်နှစ်ကျော်အတွင်း လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေဟာ အခွင့်အရေးများစွာချိုးဖောက်ခံနေရသလို  လစာလျှော့တာ ၊ အချိန်ပိုဆင်းပေးရတာ၊ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ပယ်ခံရတာအပြင်  စက်ရုံအတွင်း ဝင်ရောက် မတရား ဖမ်းဆီးခံရတာ၊  ဥပဒေအကာအကွယ်မရတာတွေနဲ့  ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013