DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၁၀ ဦး ဖမ်းဆီးခံရ
DVB
·
February 8, 2022
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့်  ရွှေ့ပြောင်းမြန်မာလုပ်သား ၁၁၀ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာ  ဖေဖော်ဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီမှ ဖေဖော်ဝါရီ ၈ ရက် မွန်းတည့်  ၁၂ နာရီ ထိ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား  အမျိုးသား  အယောက် ၁၀၀ ကျော်ကို  ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

မြန်မာအမျိုးသား ၇၅ ယောက် အမျိုးသမီး ၃၅ ယောက် စုစုပေါင်း ၁၁၀ ယောက်နဲ့ လမ်းပြ အမျိုးသား ၂ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့တွေကို လုံခြုံရေးယူနေတဲ့ နယ်မြေပေါင်း ၅ နေရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့ဟာ မြန်မာပြည်မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကနေလာပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ ရယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ ကနေ ၂၅၀၀၀ အထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ထိုင်းတာဝန်ရှိသူတွေက ကိုယ်အပူချိန်တိုင်းရာမှာ အားလုံးပုံမှန်ရှိပြီး သူတို့ကို ထိုင်းဥပဒေအရဆက်လက်အရေးယူသွားမယ်လို့  ဆိုပါတယ်။  

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်လုံခြုံမှုမရှိ၊ စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် မြန်မာရွေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲ နေ့စဉ်ဝင်ရောက်လုပ်ကိုင်ဖို့ကြိုးစားရာမှာ အဖမ်းဆီးခံရတာလည်း နေ့စဉ်ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013