DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု ပိုဆိုးလာ
DVB
·
February 7, 2022
ကယားပြည်နယ်၌  ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု ပိုဆိုးလာ
Donate to DVB

ကယားပြည်နယ် နေရာတော်တော်များမှာ အခုနှစ် ဇန်ဝါရီလဆန်းပိုင်းကစပြီး ဆက်သွယ်ရေး အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေပါတယ်။

ဇန်နဝါရီ ၆ရက်နေ့ကစပြီး ပြည်နယ်မြို့တော်လွိုင်ကော်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းတွေပါ ပြတ်တောက်မှုတွေ ရှိနေတာပါ။

လွိုင်ကော်မြို့ခံတဦးက “မိုင်တဲလ်ပဲ ရတယ်။ တယ်လီနောနဲ့ အော်ရီဒူးက ဖုန်းလိုင်းမရတော့ဘူး” လို့ ပြောပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်မှာလည်း MPT ကလွဲရင်  ဖုန်းလိုင်းပြတ်တောက်နေပြီး MPT တောင် ဖုန်းပြောနိုင်ဖို့ လိုင်းရတဲ့ တောင်ကုန်းတွေလိုနေရာမှာ လိုက်သုံးနေရတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ဒီ ၂၀၂၂ ရဲ့အစ ကျနော်တို့တိုက်ပွဲ ပြင်းထန်တယ်။ ပြင်းထန်ပြီးတဲ့နောက်မှာ မီးတွေ ပျက်သွားတာပေါ့နော်။ မီးတွေ ပျက်ပြီးနောက်မှ ဖုန်းလိုင်းတွေ စပြီးတော့ မကောင်းတော့ဘူးပေါ့။ တရက်နဲ့ တရက်ပိုပြီးတော့ ဆိုးလာတဲ့ အနေအထားမျိုးပေါ့။ သူက တခါတည်း ပြတ်သွားတဲ့ အနေအထားမျိုး မဟုတ်ဘူး။ အရင်က ဖုန်းလိုင်းရပြီး အင်တာနက်လိုင်းမရဘူး။ တောင်ပေါ် တက်သုံးရတယ်။ အခုကျတော့ ဖုန်းလိုင်းရနေကျ နေရာကျတော့ လုံးဝ ဖုန်းလိုင်းမရတော့ဘူး။ အင်တာနက်လိုင်းလည်း မရတော့ဘူး။ အဲလိုမျိုးဖြစ်နေတယ်။ အဲဒီအခါကျတော့ အကုန်လုံး အစစအရာရာ ခက်ခဲတာပေါ့နော်။ ဘာလို့လဲဆို အရေးပေါ်လူနာပဲဖြစ်ဖြစ်၊ စစ်ရှောင်တွေရဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေပဲ ဖြစ်ဖြစ် သူတို့ ဖြစ်လာတဲ့အခါကျရင် လူကိုယ်တိုင်သွားရှာရတယ်။ လူကိုယ်တိုင်သွားနေရတယ်။ အဲလိုဖြစ်နေတယ်။ ဖုန်းလိုင်းတွေ ရနေသေးရင် ကျနော်တို့ဖုန်းဆက်လို့ရတယ်။ အခုဟာကျတော့ အရှေ့ခြမ်းနဲ့ အနောက်ခြား ဟိုဘက်ရွာနဲ့ ဒီဘက်ရွာကိုတောင် ဆက်သွယ်လို့မရတော့ဘူး။” လို့ လွိုင်ကော်မြို့ခံက ပြောပါတယ်။

အလားတူ ကယားပြည်နယ် ဘောလခရိုင်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ မယ်စဲမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်ကို ရောက်တဲ့နေ့ကစပြီး လိုင်းတွေ ပြတ်တောက်နေခဲ့တာဖြစ်ပြီး ဒီကနေ့အထိ လိုင်းမရဘဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်‌ကွယ်ရေး တပ်တို့ကလည်း စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ Army Rum၊ Andaman Gold ဘီယာ နဲ့အရက်၊ Black Shield ဘီယာအရက်၊ မြန်မာဘီယာ၊ မန္တလေးဘီရာ၊ ဒဂုံဘီယာ၊ red Ruby ဆေးလိပ်၊ Premium Gold ဆေးလိပ်၊ ရွှေဖီဦး လက်ဖက်ရည်ထုပ် အစရှိ ဒီထုတ်ကုန်တွေကို ထပ်မံတင်သွင်း ရောင်းဝယ်ခြင်းတွေ မလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက်  သယ်ယူပိုတောင်မှုတွေ လုပ်တာတွေရှိရင်လည်း ဖမ်းဆီးပြီး ဖျက်ဆီးတာတွေလုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013