DVB Logo
Home
မြန်မာသတင်း
ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် သုံးသောင်းကျော် လျော့ကျ
DVB
·
February 4, 2022
ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် သုံးသောင်းကျော် လျော့ကျ
Donate to DVB

ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကနေ  ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုက  အရင်လတွေနဲ့ယှဥ်ရင် လျော့နည်းကျဆင်းနေတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF) က လစဥ်ထုတ်ပြန်တဲ့ တင်ပို့မှု စာရင်းတွေအရသိရပါတယ်။

စစ်ကောင်စီပြောင်းလဲထားတဲ့ ကြားကာလ ဘတ်ဂျက်မှာ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှု လစဥ်မြင့် တက်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ တင်ပို့မှုမှာ စတင်လျော့ကျလာခဲ့တာပါ။

ကြားကာလ ဘတ်ဂျတ်ပထမလ ဖြစ်တဲ့ အောက်တိုဘာလမှာ တင်ပို့နိုင်ခဲ့တဲ့ ပမာဏက တန်ချိန် ၂ သိန်း ၁ သောင်းကျော်ရှိပြီး၊ နို၀င်ဘာလမှာ တန်ချိန် ၂ သိန်း ၈ သောင်းကျော်၊ ဒီဇင်ဘာလမှာ တန်ချိန် ၃ သိန်းကျော်ထိ  တစ်လထက်တစ်လ တင်ပို့မှု မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ တန်ချိန် ၂ သိန်း ၇ သောင်း၀န်းကျင်သာ တင်ပို့နိုင်ခဲ့တာဖြစ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ယှဉ်ရင် တန်ချိန် ၃ သောင်းကျော် ပမာဏတင်ပို့မှုလျော့ကျခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီလအတွင်း  အိုင်ဗရီကို့စ်၊ တရုတ်၊ နယ်သာလန်၊ အန်ဂိုလာ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ပြင်သစ်နိုင်ငံတွေကို အများဆုံးတင်ပို့ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ ၀ယ်ယူမှုကတော့ ဇန်န၀ါရီမှာ လျော့ကျခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ကြားကာလဘတ်ဂျက် ၄ လအတွင်းမှာ  ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသုမ ၀၇၁ သန်းကျော် တင်ပို့ရောင်းချထားပြီး ဖြစ်တဲ့အတွက် ဒီပမာဏဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူမှာ တင်ပို့နိုင်မှုနဲ့  ယှဥ်ရင်တော့  တန်ချိန် ၃သိန်းကျော် ပိုတင်ပို့နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ  ၂၀၂၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်အထိမှာ ၃ လခွဲအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့နိုင်မှုက တန်ချိန် ၇ သိန်း ၂ သောင်းကျော်သာ ရှိခဲ့ပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တရုတ်နယ်စပ်ကနေ ဆန်နဲ့ဆန်ကွဲ အထွက်နည်းပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှု  အားကောင်းနေတာကြောင့် တင်ပို့မှုပိုမို မြင့်တက်ခဲ့ပါတယ်။

လေးလအတွင်း ပင်လယ်ရေကြောင်းကနေ ဆန်နဲ့ ဆန်ကွဲ တန်ချိန်  ၁ သန်းကျော် တင်ပို့ရောင်းချထားပြီး၊ နယ်စပ်လမ်းကြောင်းကနေ တန်ချိန် ၆ သောင်းကျော်သာ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်ပြီး၊ တခြားအာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ အာဖရိစျေးကွက်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကို  တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013