DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ကိုင်တုတ် Non CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူမည်ဟု NUG ထုတ်ပြန်
DVB
·
February 4, 2022
စစ်ကောင်စီလက်ကိုင်တုတ် Non CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူမည်ဟု NUG ထုတ်ပြန်
Donate to DVB

စစ်ကောင်စီလက်ကိုင်တုတ် ပညာရေး Non CDM ဝန်ထမ်းတွေရဲ့ CDM ဆရာ၊ ဆရာမ ဝန် ထမ်းတွေအပေါ် ကျူးလွန်မှုတွေကို စာသက်သေ၊ အသံဖိုင်သက်သေစတဲ့ သက်သေခံချက်တွေ စုဆောင်းပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကျခံစေဖို့ တရားစွဲဆို အရေးယူနိုင်ရေး လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။

ဒီကြေညာချက်ကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ရက်စွဲနဲ့ NUG ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြတဲ့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိရေးတို့အတွက် အမြဲမပြတ် အလေးပေးဆောင်ရွက်နေပြီး Non-CDM ဝန်ထမ်းတွေကို အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပညာရေးဝန်ကြီးဌာန၊  ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ခုတခါမှာတော့ Non-CDM ညွှန် ကြားရေးမှူးချုပ်တွေ၊ ဒုညွှန်ကြားရေးမှူးချုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဒု ပါမောက္ခချုပ်တွေ၊ ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ ဌာနမှူးတွေ ဦးဆောင်တဲ့ အကြမ်းဖက်အုပ်စုလက်ပါးစေတွေက CDM ၀န်ထမ်းတွေကို ချေးငွေပြန်ဆပ်ဖို့၊ ၀န်ထမ်းအိမ်ရာတွေက ဖယ်ပေးဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့တဲ့အပြင် ပစ္စည်းတွေကို ဖယ်ရှားကာ အိမ်ရာတွေကို သိမ်းဆည်းတာတွေထိ ကျူးလွန်နေကြောင်း သိရှိရပြီး ဒါဟာ အကြမ်းမ ဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့၀န်ထမ်းတွေရဲ့ ရှင်သန်ရပ်တည်ခွင့်နဲ့အတူ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံ ရေးတွေအပေါ် ထိခိုက်နစ်နာစေဖို့ လုပ်ဆောင်ချက်တွေဟာ ကမ္ဘာ့လူ့အခွင့်အရေး ကြေ ညာစာတမ်းရဲ့ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာရှင်သန်ခွင့်အပိုဒ် (၃)၊ ညှင်းပန်းနှိပ်စက်ခြင်းမှကင်းလွတ်ခွင့်အပိုဒ် (၅)၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်ပိုင်ခွင့် အပိုဒ် (၁၂)၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ပိုင်ခွင့်အပိုဒ် (၁၇) တို့ကို ချိုးဖောက်တာ၊ ချိုးဖောက် ကျူးလွန်ရာမှာ အားပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပိုဒ် ၁၆ ပါ ဝန်ထမ်းအခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးတွေကို ချိုး ဖောက်နေတဲ့ အကြမ်းဖက်ဝါဒီ အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ကိုင်တုတ် Non-CDM ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုတွေကို သက်သေခံချက်တွေ စုဆောင်းပြီး ထိုက်သင့်တဲ့ ပြစ် ဒဏ်တွေကျခံစေဖို့ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုအပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန် နေကြတဲ့ နွေဦးတော်လှန်ရေးဟာ ၁ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီတော်လှန်ရေးမှာ ဆေးလောကသားဝန်ထမ်းတွေက အစပြုခဲ့ကြတဲ့ အကြမ်းမဖက်အာ ဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ သူရဲကောင်းတွေဟာ အဆုံးသတ်နိုင်ပွဲ ရတဲ့ထိ ပါဝင်နေကြတာဖြစ်ပြီး ပြည်သူတွေကလည်း အာဏာရှင်ဗဟိုပြု အုပ်ချုပ်ရေးယန္တရား ပြိုလဲစေဖို့ ကျရာနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အကျင့်ပျက်ဝန်ထမ်းတွေကို နာမည်၊ ရာထူးနဲ့တကွ ထုတ်ပြန်ကာ အမည်ပျက်စာရင်းသွင်းထုတ်ပယ်တာတွေ လုပ်ဆောင်နေပြီး CDM ဝန်ထမ်းတွေရဲ့ စားဝတ်နေမှု ထောက်ပံ့ကူညီရေးတွေကိုပါ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013