DVB Logo
Home
မြန်မာသတင်း
Myanmar Asia Optical မှန်ဘီလူးစက်ရုံ အလုပ်သမားရာချီ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
February 2, 2022
Myanmar Asia Optical မှန်ဘီလူးစက်ရုံ အလုပ်သမားရာချီ ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့  Myanmar Asia Optical မှန်ဘီလူးစက်ရုံမှာ အလုပ်သမား ရာနဲ့ချီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့  အလုပ်သမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိတဲ့ အဆိုပါ မှန်ဘီလူးစက်ရုံမှာ ကိုဗစ်ရောဂါ  အစုလိုက်အပြုံလိုက်ကူးစက်မှု ဖြစ်တာလို့ ဆိုပါတယ်။ 

"စက်ရုံကလူတွေ ရာချီ ကိုဗစ်ကူးတယ်ဆိုတာပဲ သိရတယ်။ အခြေအနေတော့ မသိသေးဘူး။ တချို့ ရောဂါအခံရှိတဲ့သူတွေကိုတော့ ပုလဲဆေးရုံပို့ထားတယ် ကြားတယ်။ အဲ့ဒီစက်ရုံက အလုပ်သမားတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသားတွေများတယ်။ အိုမီခရွန်လား ဘာလားတော့ မသိသေးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံလုပ်ငန်းတစ်ခုမှာ ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်မှု ဖြစ်ပွားတဲ့ သတင်းရရှိတဲ့အတွက် ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကွင်းဆင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဓာတ်ခွဲနမူနာ (၂၂၃၃) ခုကို စစ်ဆေးခဲ့ရာမှာ ၇၁၈ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရောဂါလက္ခဏာရှိသူ ၈ ယောက်ကိုတော့ သတ်မှတ်ဆေးရုံပို့ဆောင်ခဲ့ပြီး ကျန်  အယောက် ၇၁၀  ကို သီးခြားထားရှိ ကုသပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဇန်နဝါရီ  ၂၇ ရက်ကလည်း Myanmar Asia Optical မှန်ဘီလူးစက်ရုံမှာ အလုပ်သမား ၅ ယောက် ဖျားနာခဲ့တဲ့အတွက် ဆေးစစ်ခဲ့ရာမှာ  အားလုံး ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။

အဆိုပါ ပိုးကူးစက်ခံရသူ ၅ ယောက်နဲ့ ဆက်စပ်ပြီး ဇန်နဝါရီ ၃၀ ရက်က  အလုပ်သမား ၃၀၀ ကို ဆေးစစ်ဆေးလိုက်တဲ့အခါ  ၁၂၇ ယောက်မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

အခုလို အလုပ်သမားတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Myanmar Asia Optical  ကုမ္ပဏီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံအတွင်း အိုမီခရွန်ပိုးကူးစက်တွေ ရှိလာသလို အခုလို အစုလိုက်အပြုံလိုက် ကိုဗစ်ပိုးကူးစက်မှုဖြစ်လာတဲ့အတွက် ကိုဗစ်စတုတ္ထလှိုင်း ပြန်ဖြစ်တော့မလားလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013