DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမည်စာရင်း တင်သွင်းခံရ
DVB
·
February 2, 2022
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမည်စာရင်း တင်သွင်းခံရ
Donate to DVB

၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူတွေအထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) လည်း ပါဝင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီစာရင်းထဲမှာတော့ ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင်၊ ပုပ်ရဟန်းမင်းကြီးနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ဂရီတာသန်းဘတ်တို့လို ထင်ရှားသူတွေနဲ့အတူ NUG က လည်း ပါဝင်နေခဲ့တာပါ။

မတရားစစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ NUG အစိုးရကို နိုဘယ်လ်ဆုအ မည်စာရင်းတင်သွင်းလိုက်တယ်လို့ နော်ဝေနိုင်ငံက လစ်ဘရယ်ပါတီ လွှတ်တော်အမတ် Ola Elvestuen က ပြောကြားလိုက်ပြီး NUG ဟာ “မြန်မာနိုင်ငံမှာ တစ်ခုတည်းသော တရားဝင်အစိုးရပဲ” လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်ပြီး အစိုးရအဖွဲ့ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့အတူ စစ်အာ ဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေထဲက ထင်ရှားသူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းစစ်​မှုကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကိုလည်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အော်စလို တက္ကသိုလ်ပါမောက္ခတွေက လက်မှတ်ရေးထိုး အဆိုပြုထားပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမို ကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ ရုန်းကန်လှုပ်ရှားမှုနဲ့ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်မှာ ရရှိခဲ့ဖူးပြီး ဒါဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးနဲ့ တစ်ဦးတည်းသော နိုဘယ်လ်ဆုရှင်ဖြစ်ပါတယ်။

ဆုရွေးချယ်ရေးမတိုင်ခင်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဘယ်သူဘယ်ဝါရမယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုတာတွေ ထွက်တတ်ပေမယ့် ဆုရွေးချယ်ရေးကော်မတီရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နောက်ဆုံး ဆန်ခါတင်စာရင်းသွင်းခံရသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ထုတ်ပြောလေ့ မရှိပါဘူး။

နိုဘယ်လ်ဆုရရှိသူကို နှစ်စဉ်အောက်တိုဘာလမှာ ထုတ်ပြန်လေ့ရှိပြီး ဒီဇင်ဘာလလောက်မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်လေ့ရှိပါတယ်။

Photo-NUG

Ref-Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013